DVB Logo
Home
မြန်မာသတင်း
စစ်အင်အားဖြင့် သြဇာသက်ရောက်အောင်ဆောင်ရွက်မှု အဆုံးသတ်ရန်အန်အယ်လ်ဒီတိုက်တွန်း
DVB
·
March 27, 2018
စစ်အင်အားဖြင့် သြဇာသက်ရောက်အောင်ဆောင်ရွက်မှု အဆုံးသတ်ရန်အန်အယ်လ်ဒီတိုက်တွန်း
Donate to DVB

 

အမျိုးသားရေးနဲ့ တိုင်းရင်းသားလူမျိုးစုတွေအရေးမှာ စစ်အင်အားနဲ့ သြဇာ သက်ရောက်အောင် ဆောင်ရွက်နေတာမျိုးကို အဆုံးသတ်ကြရမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အန်အယ်လ်ဒီပါတီက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

မတ်လ ၂၇ ရက်မှာ ကျရောက်တဲ့ ၇၃ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အတွက်  ထုတ်ပြန်တဲ့ ပါတီရဲ့သဘောထား ကြေညာချက်မှာ ဖော်ပြထားတာပါ။

တိုင်းရင်းသားတွေအကြား၊ အမျိုးသားတွေအကြား မယုံသင်္ကာဖြစ်တာနဲ့ ရန်ညှိုးထား တာကို အခြေခံတဲ့ လက်နက်ကိုင်ပဋိပက္ခအဖြစ် ရွေးချယ်အဖြေရှာတာကို နိဂုံးချုပ်ရမယ်လို့လည်း ပါတယ်။

မြန်မာ့တပ်မတော်ဟာ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုတဲ့ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ ဖက်ဆစ် တော်လှန်ရေး တိုက်ပွဲတွေကနေ မွေးဖွားရှင်သန်ခဲ့တဲ့ သမိုင်းဝင် အမျိုးသား အင်အားစုကြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ အန်အယ်လ်ဒီအနေနဲ့ လွှတ်တော်၊ အစိုးရနဲ့ နိုင်ငံတော်ကို တာဝန်ယူ နေပြီး ဒီမိုကရေစီရှင်သန်ရေးနဲ့ နိုင်ငံတည်ဆောက်ရေး စိန်ခေါ်မှုတွေကို ရှင်းလင်းဖယ်ရှား ရုန်းကန်နေရချိန် ဖြစ်တယ်၊ နိုင်ငံတော်ရဲ့ အမျိုးသား ဂုဏ်သိက္ခာနဲ့ အချုပ်အခြာ အာဏာအတွက် ခုခံတိုက်ပွဲဝင်နေရဆဲဖြစ်တယ်လို့လည်း အန်အယ်လ်ဒီပါတီရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီနေ့ကျင်းပတဲ့ အခမ်းအနား သဘာပတိမိန့်ခွန်းမှာလည်း မြန်မာပြည်သူတွေရဲ့ အကျိုးကို လိုလားတဲ့ ဘယ်သူနဲ့မဆို ပိုပြီး ရင်းရင်းနှီးနှီး ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး  ပြည်သူလူထုရဲ့ အကျိုးထိခိုက်နစ်နာအောင်လုပ်နေပြီ ဆိုရင်လည်း အဖွဲ့ချုပ် ပါတီဝင်တွေအပြင် ဘယ်သူ့ကိုမဆို လက်တွဲဖြုတ်ဖို့ ဝန်မလေးဘူးလို့လည်း ပြောပါတယ်။

၇၃ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ်ဖြစ် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ ပါတီဌာနချုပ်မှာ ကျင်းပရာမှာ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ၊ ပါတီဝင်တွေနဲ့ နိုင်ငံတကာ သံတမန်တွေ တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013