DVB Logo
Home
မြန်မာသတင်း
၇၃ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးအခမ်းအနား အန်အယ်လ်ဒီကျင်းပ
DVB
·
March 27, 2018
၇၃ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးအခမ်းအနား အန်အယ်လ်ဒီကျင်းပ
1 / 7
Donate to DVB

 

၇၃ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်မှာ ဒီကနေ့မနက်ကျင်းပပါတယ်။

အခမ်းအနားမှာ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်က နိုင်ငံရေး ပါတီတွေ၊ တပ်မတော်နဲ့ ပြည်သူတွေ တသားတည်းဖြစ်စေချင်တဲ့အတွက် အခမ်းအနားကို ကျင်းပတာလို့ပြောပါတယ်။

မတ်လ ၂၇ ရက်နေ့မှာ  တပ်မတော်နေ့အဖြစ် နေပြည်တော်မှာဒီကနေ့မနက်က စစ်ရေးပြအခမ်းအနားကျင်းပသွားပြီး  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဖက်ဆစ်တော်လှန်ရေးနေ့ဆိုပြီး အစဉ်အလာအတိုင်း အခမ်းအနားကျင်းပခဲ့တာပါ။

အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က “နာမည်ပေးတာ ကွဲပြားပေမယ့် တပ်မတော်ကို ဂုဏ်ပြုတဲ့ အနှစ်သာရ အတူတူပဲဖြစ်တယ်”လို့ ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့အခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ နိုင်ငံတကာ သံတမန်တွေနဲ့ အန်အယ်လ်ဒီပါတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013