DVB Logo
Home
မြန်မာသတင်း
စစ်တွေမြို့ဗုံးပေါက်ကွဲမှုဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူ ၄ ဦးပြန်လွတ်
DVB
·
March 27, 2018
စစ်တွေမြို့ဗုံးပေါက်ကွဲမှုဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူ ၄ ဦးပြန်လွတ်
Donate to DVB

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်လို့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ရခိုင်အမျိုးသားကောင်စီ (အေအန်စီ)က ကိုနိုင်စိုးအပါအဝင် ၄ ဦးကို မတ်လ ၂၆ရက် ည ၈ နာရီမှာ စစ်​​တွေမြို့မရဲစခန်းက အာမခံနဲ့ ပြန်လွှတ်​​ပေးလိုက်​ပါတယ်​။

စစ်​​တွေမြို့ရဲစခန်းအထွက်​မှာ ကိုနိုင်​စိုးက'ကျ​နော်​လွတ်​ပါပြီ'လို့ မီဒီယာ​တွေကို​ ပြောခဲ့ ပါတယ်​။ ​နောက်​ထပ် ​၃ ဦးဖြစ်တဲ့ ဦးရွှေထွန်း​အောင်​၊ ​​ဦးတင်​မြင့်​​ရွှေ၊ ​ဦးမောင်​မြင့်ရွှေတို့ကိုတော့ စစ်​​တွေ မြို့မရဲစခန်းက ည၈ နာရီ ၃၅ မိနစ်​မှာ ထပ်မံလွှတ်ပေးလိုက်ပါတယ်။

ကိုနိုင်​စိုးတို့ ၄ ဦးကို အာမခံနဲ့ပြန်လွှတ်ပေးလိုက်ပြီးနောက် လက်​ရှိ အ​ခြေအ​နေအထိ​တော့ စစ်​​တွေမြို့မရဲစခန်းမှာ ရဲတပ်​ဖွဲ့ဝင်​တွေက လုံခြုံရေး​ယူထားကြပါတယ်​။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013