DVB Logo
Home
မြန်မာသတင်း
မကြာခင်ရုံတင်တော့မည့် မိုရီဆာကီဝင်း ပါဝင်သည့် ဟောလိဝုဒ်ရုပ်ရှင်ကားသစ် (နမူနာ)
DVB
·
March 27, 2018
မကြာခင်ရုံတင်တော့မည့် မိုရီဆာကီဝင်း ပါဝင်သည့် ဟောလိဝုဒ်ရုပ်ရှင်ကားသစ် (နမူနာ)
Donate to DVB



မြန်မာပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ မိုရီဆာကီဝင်း ပါဝင်တဲ့ ဟောလိဝုဒ် ရုပ်ရှင်ဇာတ်ကားသစ်ကို မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့ နာမည်ကိုတော့ Ready Player One လို့ သိရပြီး ဒါဟာ စာရေးဆရာ Ernest Cline ရဲ့ ဝတ္ထုကို အခြေပြုရိုက်ကူးထားတာ ဖြစ်ပါတယ်။

ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကတော့ နာမည်ကြီး ရုပ်ရှင်တွေဖြစ်တဲ့ Jurassic Park, E.T. စတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ စတီဗင်စပီးလ်ဘာ့ဂ်က ရိုက်ကူးထားခဲ့တာပါ။

၂၀၄၅ ခုနှစ် ခေတ်လွန်ကာလကို ရှေ့ပြေးကျော်လွန် ရိုက်ကူးထားခဲ့တဲ့ ဒီသိပ္ပံဆန်းကြယ် စွန့်စားခန်းရုပ်ရှင်ကို Warner Bros. Pictures ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။

မြန်မာပရိသတ်တွေက အဝင်းလို့သိကြတဲ့ မိုရီဆာကီဝင်းကတော့ ဒီဇာတ်ကားထဲမှာ တခြား ဟောလိဝုဒ်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Tye Sheridan, Olivia Cooke, Sean Connery, Jonathan Groff, Ben Mendelsohn စတဲ့ သရုပ်ဆောင်တွေနဲ့အတူ အဓိကဇာတ်ကောင် ငါးဦးထဲက တဦးဖြစ်တဲ့ Daito ဆိုတဲ့ ဇာတ်ကောင်နေရာမှာ ပါဝင်ထားခဲ့တာ ဖြစ်ပါတယ်။

ခန့်မှန်းကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁၇၅ သန်း အကုန်အကျခံ ရိုက်ကူးထားခဲ့တဲ့ ဒီရုပ်ရှင်ကားကို လာမယ့်မတ်လ ၂၉ ရက်နေ့မှာ စတင်ပြီး ပြသတော့မှာ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

ကြာမြင့်ချိန် ၂ နာရီ မိနစ် ၂၀ ရှိတဲ့ ဒီရုပ်ရှင်ဇာတ်ကားထဲမှာ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေနဲ့ ပြကွက်မြင်ကွင်းတွေ ပါဝင်တာမို့ အသက် ၁၃ နှစ်အောက်ကလေးတွေကို ကြည့်ရှုဖို့မသင့်တဲ့ PG 13 အဆင့်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

မိုရီဆာကီဝင်းဟာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံဖွား လူငယ်တဦးဖြစ်ပြီး Prizma X အမည်ရတဲ့ အမျိုးသား ဂျေပေါ့ပ်တေးဂီတအဖွဲ့နဲ့အတူ နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မိုရီဆာကီဝင်းဟာ သူ့အသက် ၁၀ နှစ်သားလောက်ကတည်းက မိဘတွေနဲ့ ဂျပန်နိုင်ငံကို ထွက်ခွာသွားခဲ့တာဖြစ်ကာ ပညာသင်ကြားနေရင်း ၁၄ နှစ်သားလောက်မှာ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ မြန်မာသရုပ်ဆောင်တွေနဲ့ ရိုက်ကူးထားခဲ့တဲ့ ဇာတိမြေ (My Country My Home) ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်ထားပြီး အနုပညာအလုပ်တွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013