
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၅,၂၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၆၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၄၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၅,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ၃၆,၁၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၂၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၂,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၄,၁၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ပြောင်းဆံ
ရန်ကုန် ကုန်စည်ဒိုင်မှာ ပြောင်းဆံက တအိတ်ကို ၃၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၄,၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၂၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၄၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၁,၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၆,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ပဲဇီးကွက်
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲဇီးကွက်က ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၇၀,၀၀၀ ကနေ ၇၅,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၃,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ငွေကျပ် ၇၃,၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ပဲလွန်းပြာ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲလွန်းပြာက ၅၄.၂၅ ပိဿာဝင် တအိတ်ကို ၄၈,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၀,၀၀၀ ပေါက်ဈေးရှိပြီး ဈေးပြောင်းလဲမှု မရှိပါဘူး။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၄၈,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၈၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၂,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
စီပီပြောင်း
မန္တလေးကုန်စည်ဒိုင်မှာ စီပီပြောင်းက ၅၄ ပိဿာဝင် တအိတ်ကို ၂၉,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၀,၀၀၀ ပေါက်ဈေးရှိပြီး ဈေးမပြောင်းလဲပါဘူး။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁,၃၅၀ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ပေါက်ဈေးက တအိတ်ကို ၂၈,၃၅၀ ကျပ် ရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၁,၆၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA











