DVB Logo
Home
မြန်မာသတင်း
တောရိုင်းတိရစ္ဆာန်ပစ္စည်းများ တရားမဝင်ကုန်ကူးမှုနှိမ်နင်းရန် ဒိန်းမတ်အသံအမတ်တိုက်တွန်း
DVB
·
March 26, 2018
တောရိုင်းတိရစ္ဆာန်ပစ္စည်းများ တရားမဝင်ကုန်ကူးမှုနှိမ်နင်းရန် ဒိန်းမတ်အသံအမတ်တိုက်တွန်း
Donate to DVB

တောရိုင်းတိရစ္ဆာန်ပစ္စည်းတွေ တရားမဝင်ကုန်ကူးနေတာကို အပြီးသတ်နှိမ်နင်းနိုင်အောင် ခိုင်မာတဲ့ ဥပဒေတစ်ခု ပြဋ္ဌာန်းပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ် သံအမတ်ကြီးက တိုက်တွန်းလိုက်ပါတယ်။

တောရိုင်းတိရစ္ဆာန်များအတွက် စကားသံ (Voices for Wildlife) ဂီတပွဲတော်နဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်မှာ တောင်းဆို ထားတာပါ။

ဒီဂီတပွဲတော်ဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးနဲ့ မိုမိုတို့အတွက် ရင်တွင်းစကားသံ အစီအစဉ်တို့ ပူးပေါင်းလုပ်ဆောင်တာပါ။

သံအမတ်ကြီး ပီတာလွိုင်ရှော့ဟန်ဆန်က“ဒီဂီတပွဲတော်ကနေ မြန်မာနိုင်ငံသာမက နိုင်ငံအများအပြားမှာပါ ရင်ဆိုင်ကြုံတွေ့နေရတဲ့ တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းတွေ တရားမဝင် ရောင်းဝယ်ဖောက်ကားနေကြတဲ့ ဖြစ်ရပ်ဆိုးကြီးတခုကို မီးမောင်းထိုးပြနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်း တရားမဝင်ကုန်သွယ်မှုတွေ ပပျောက်အောင် လုပ်ဆောင်ဖို့ဆိုတာ ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ တကယ်လို့ မြန်မာနိုင်ငံမှာ ဒီလို တောရိုင်းတိရစ္ဆာန်ပစ္စည်းတွေ တရားမဝင် ရောင်းဝယ်ဖောက်ကားမှုတွေ ဆက်ရှိနေဦးမယ်ဆိုရင် ဒီနိုင်ငံက တောရိုင်းတိရစ္ဆာန်တွေရဲ့ အနာဂတ်ဟာ မတွေးဝံ့စရာပါပဲ။ တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ဖို့အတွက် မြန်မာအစိုးရက ကြိုးပမ်းနေတာနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာအစိုးရကို ကျနော်ဂုဏ်ပြုချင်ပါတယ်။ ပြီးတော့ ဒီလိုတောရိုင်းတိရစ္ဆာန်ပစ္စည်းတွေ တရားမဝင် ကုန်ကူးနေတာတွေကို အပြီးသတ်နှိမ်နင်းနိုင်အောင် ခိုင်မာတဲ့ ဥပဒေတစ်ခု ပြဋ္ဌာန်းပေးဖို့ကိုလည်း တိုက်တွန်းလိုပါတယ်” လို့ ပြောပါတယ်။

ဒီ ဂီတပွဲတော်ဟာ မြန်မာနိုင်ငံမှာ တောဆင်ရိုင်းတွေ အမဲလိုက်သတ်ဖြတ်ခံနေရတာ ပပျောက်အောင် ကြိုးပမ်းတဲ့ ၅ လကြာ လူထုလှုပ်ရှားမှုရဲ့ နောက်ဆုံးပွဲတော်လည်းဖြစ်ပါတယ်။

ဒီပွဲကို လာမယ့် ဧပြီ ၇ ရက်၊ ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံမှာ အခမဲ့ ကျင်းပ ဖျော်ဖြေမှာဖြစ်ပြီး ဘန်နီဖြိုး၊ အိုင်ရင်းဇင်မာမြင့်၊ ပန်းရောင်ခြယ်၊ ဝိုင်းလေး၊ နောနော်၊ ငြိမ်းငြိမ်းအိ (အင်္ဂလန်စိန်) စတဲ့ အနုပညာရှင်တွေ ပါဝင်ကြမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013