DVB Logo
Home
မြန်မာသတင်း
သင်္ကြန်လုံခြုံရေးအတွက် ရန်ကုန်ရဲတပ်ဖွဲ့အင်အား၏တစ်ဝက်ကျော်သုံးမည်
DVB
·
March 26, 2018
သင်္ကြန်လုံခြုံရေးအတွက် ရန်ကုန်ရဲတပ်ဖွဲ့အင်အား၏တစ်ဝက်ကျော်သုံးမည်
Donate to DVB

 

အခုနှစ် ရန်ကုန်သင်္ကြန်လုံခြုံရေးအတွက်  ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၆၀ ရာခိုင်နှုန်းကို အသုံးပြုသွားမယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

သင်္ကြန်ကာလမှာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ မဏ္ဍပ်တွေ၊ လူစည်ကားတဲ့ ပန်းခြံတွေနဲ့ ဘုရားတွေမှာ လှည့်ကင်းယာဉ်အစီး ၅၀၊ မြို့နယ်မှူး ယာဉ် ၄၄ စီး၊ ဆိုင်ကယ်အစီး ၁၅၀ နဲ့ စက်ဘီးလှည့်ကင်းတွေနဲ့ လုံခြုံရေး တာဝန်ယူမယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ဒုရဲမှူးကြီး မြင့်ထွေးက ပြောပါတယ်။

“အင်အားရဲ့ ၆၀ ရာခိုင်နှုန်းနဲ့ သက်ဆိုင်ရာမဏ္ဍပ်တွေရယ်၊ လူစည်ကားတဲ့ အပန်းဖြေနေရာတွေရယ်၊ တန်ခိုးကြီးဘုရားတွေရယ်၊ ဒါတွေကို ၆၀ ရာခိုင်နှုန်း တာဝန်ယူပြီးတော့ လှည့်ကင်း ပတ်ကင်း မြို့ထဲယာဉ် အစီး ၅၀ ရယ်၊ မြို့နယ်မှူးယာဉ် ၄၄ စီးရယ်၊ ဆိုင်ကယ် ၁၅၀ ရယ်၊ စက်ဘီးလှည့်ကင်းတွေက ပြည်သူတွေ အန္တရာယ်ကင်းကင်းနဲ့ ပျော်ရွှင်စွာ ရေကစားနိုင်ဖို့ ကျနော်တို့က လှည့်ကင်း ပတ်ကင်းတွေနဲ့ ဆောင်ရွက်မှာ ဖြစ်သလို ကျနော် တင်ပြတဲ့ မြို့နယ်အလိုက် ၁ အပေါင်း ၉၊ ခရိုင်အလိုက် ၁ အပေါင်း ၂၃၊ တိုင်းမှာတော့ ၄ အပေါင်း ၄၆၊ တပ်ခွဲ ၃ ခွဲ၊ ဒါတွေက အသင့်နဲ့ အရေးပေါ်အခြေအနေမှာ ထွက်နိုင်အောင် အသင့်ထားရှိပါတယ်”

ဒါ့အပြင် ရန်ကုန်တိုင်း ယာဉ်ရဲထိန်းရဲတပ်ဖွဲ့အနေနဲ့လည်း ဝန်ထမ်းအင်အား ၁၀၀၀ ကျော်နဲ့ မဏ္ဍပ်တွေ၊ မီးပွိုင့်တွေမှာ ယာဉ်လမ်းကြောင်းရှင်းလင်းရေး လုပ်ငန်းတွေကို ဆောင်ရွက်သွားမယ်လို့လည်းသိရပါတယ်။

အခုနှစ်ရန်ကုန်သင်္ကြန်ကို အရင်နှစ်တွေကထက် ပိုမိုစည်ကားအောင် မြို့နယ် တခုချင်းစီကို ရန်ပုံငွေရှာပြီး မဏ္ဍပ်တခုဆီ မဖြစ်မနေ ဆောက်လုပ်ရမယ်လို့ တိုင်းအစိုးရအဖွဲ့က ညွန်ကြားထားပါတယ်။

“အဓိကကတော့ မဏ္ဍပ်တွေ များသလို ရဲတပ်ဖွဲ့အနေနဲ့ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လမ်းလျှောက်သင်္ကြန်မှာ လုံခြုံရေးတွေ ယူနီဖောင်းနဲ့ရော အရပ်ဝတ်နဲ့ရော ကျနော်တို့ တိုးမြှင့်ဆောင်ရွက်မှာ ဖြစ်ပါတယ်။”လို့ ရဲမှူးကြီး မြင့်ထွေးက ပြောပါတယ်။

အခုနှစ်ရန်ကုန်သင်္ကြန်မှာ မဏ္ဍပ်ပေါင်း ၉၀ ကျော်ကို ဆောက်လုပ်ခွင့်ပြုသွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပြောဆိုထားပြီး ထူခြားမှုအနေနဲ့ကတော့ ကမ်းနားလမ်းကို တိုင်းရင်းသားရိုးရာ မဏ္ဍပ်တွေ ဆောက်လုပ်သွားမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013