DVB Logo
Home
မြန်မာသတင်း
ဝန်ဆောင်ခ ၁၀ ရာခိုင်နှုန်းအပေါ် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းမဆောင်ပါက ဒဏ်ကြေးပေးရမည်
DVB
·
March 26, 2018
ဝန်ဆောင်ခ ၁၀ ရာခိုင်နှုန်းအပေါ် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းမဆောင်ပါက ဒဏ်ကြေးပေးရမည်
Donate to DVB

 

စားသောက်ဆိုင်တွေမှာ ကောက်ခံနေတဲ့ဝန်ဆောင်ခ(Service Charge) ၁၀ ရာခိုင်နှုန်း အပေါ် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းမဆောင်ရင် ဒဏ်ကြေး ၁၀ ရာခိုင်နှုန်း ပေးဆောင်ရမယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ဒီဗွီဘီကို ပြောပါတယ်။

ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ (၅) ပုဒ်မခွဲ (ခ)အရ စုစုပေါင်းရောင်းရငွေအပေါ်မှာ ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံနေတယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာနက ဆိုပါတယ်။

စားသောက်ဆိုင်ရဲ့ဝန်ဆောင်မှုရငွေတွေမှာ စားသောက်ဖွယ်ရောင်းချရတဲ့ငွေအပြင် ၀န်ဆောင်ခငွေအဖြစ် အရက်ပုလင်းဝယ်တဲ့အခါ ကောက်ခံတဲ့ငွေတွေ၊ အခန်းယူတဲ့အခါ ကောက်ယူတဲ့ ငွေတွေအပြင် ၀န်ဆောင်ခကောက်ခံမှုအားလုံးအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရတာ ဖြစ်တယ်လို့ ဒေါ်ဆွေဆွေခိုင်က ပြောပါတယ်။

လက်ရှိစားသောက်ဆိုင်ဖွင့်လှစ်ရောင်းချနေတဲ့ ကုမ္ပဏီအချို့ဟာ အစားအစာနဲ့ အဖျော် ယမကာအပေါ်မှာ ၀န်ဆောင်ခအဖြစ် ၁၀ ရာခိုင်နှုန်း ကောက်ခံနေတာပါ။

အဲဒီလိုကောက်ခံနေတဲ့အပေါ် “အခွန်ထမ်းတွေဟာ သူတို့ မသိဘဲနဲ့ ဒီService Charge ကိုဝန်ဆောင်ခရငွေလို့ သဘောမပေါက်ဘဲနဲ့ စာရင်းမထည့်ခဲ့လို့ရှိရင်သူတို့ ပြန်စစ်တဲ့အချိန်မှာ ဒီစာရင်းကြီးတစ်ခုလုံးကျန်နေရင် ဒဏ်ကြေးဆောင်ရမှာ။ အဲဒီအတွက်ကို သူတို့မသိလို့ဆိုတာမျိုး ဖြစ်မှာစိုးလို့ အသိပေးထားတာပါ”လို့အကြောင်းကြားစာထုတ်ပြန်မှုအပေါ် ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ပြောပါတယ်။

ဝန်ဆောင်ခကောက်တဲ့ငွေထဲက ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းမဆောင်ပါက ဒဏ်ကြေး အဖြစ် ကျသင့်ငွေရဲ့ ၁၀ ရာခိုင်နှုန်း ပေးဆောင်ရမယ်လို့ ဆိုပါတယ်။

စားသောက်ဆိုင်တွေမှာ ၀န်ဆောင်ခ ကောက်ခံတဲ့ငွေအပေါ်ဝန်ထမ်းတွေကို ခွဲဝေပေးတာနဲ့ ၀န်ထမ်းတွေအတွက် အသုံးပြုတာတွေလုပ်နေတယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီအပေါ် ကုမ္ပဏီတွေက သူတို့အတွက် အကျိုးအမြတ်မရှိဘူးလို့ တင်ပြတာတွေရှိပေမယ့် အဲဒီငွေတွေဟာ ကုမ္ပဏီရဲ့ဝန်ဆောင်မှုရငွေသာဖြစ်လို့ ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းကျသင့်မှာ ဖြစ်တယ်လို့ ပြည်တွင်းအခွန်ကနေ မတ်လ ၁၉ ရက်က ရန်ကုန်မြို့ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၁) ကနေ ညွှန်ကြားစာထုတ်ပြန်ခဲ့တာပါ။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းအခွန်များဦးစီးဌာနကနေ စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်းနဲ့ ရွှေအမှတ်တံဆိပ်အခွန်တွေမှာ အခွန်မဆောင်လို့အရေးယူထားတဲ့ အမှုပေါင်း ၆၆၄ မှုရှိတယ်လို့ ဆိုပါတယ်။

အဲဒီအပေါ် ဒဏ်ငွေကောက်ခံရမှုပေါင်းဟာ ကျပ်သန်းပေါင်း ၁၆၁ သန်းကျော်အထိရှိပြီး တိုင်ကြားတဲ့သူတွေကိုဆုကြေးအဖြစ် ငွေကျပ် ၇ သန်းကျော် ပြန်လည်ချီးမြှင့်ထားတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013