DVB Logo
Home
မြန်မာသတင်း
ဝါးကုန်ကြမ်းပြတ်လပ်၍ ဝါးဈေးနှုန်းများမြင့်တက်လာနေ
DVB
·
March 26, 2018
ဝါးကုန်ကြမ်းပြတ်လပ်၍ ဝါးဈေးနှုန်းများမြင့်တက်လာနေ
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ်မှာ ဝါးဈေးတွေ မနှစ်ကထက်မြင့်တက်လာသလို ဝါးကုန်ကြမ်းလည်း ရှားပါးပြတ်လပ်မှုနဲ့လည်းကြုံနေရလို့  ဝါးသုံးစွဲသူတွေ အခက်ခဲတွေဖြစ်တယ်လို့ ဝါးကုန်သည်တွေက ပြောပါတယ်။

ဝါးအဝယ်ဒိုင် ဦးမြင့်ဆွေက “ဝါးတွေ တနှစ်ထက်တစ်နှစ်ရှားပါးလာပါတယ်။ ဈေးလည်း မြင့်လာတယ်။ ဝါးတွေကို အရင်လူတွေက တောင်ယာခုတ်ပြီး ဝါးပြန်ထွက်လာနေပေမယ့် အခုခေတ်လူတွေက ခြံစိုက်တဲ့အခါ တောင်ယာမီးရှို့ ဝါးပင်တွေကို ဆေးဖျန်းပြီး သတ်လိုက်တဲ့အခါ ပြန်လည်မထွက်လာဘဲ ဝါးမျိုးတွေ မျိုးတုန်းရှားပါးလာနေတယ်”လို့ ပြောပါတယ်။

မနှစ်က ဝါးကုန်ကြမ်းတွေ အဝင်များပေမယ့် ဝါးဈေးမှာ ၁ လုံးလျှင် ၂၀၀ ကျပ်ကနေ ၇၀၀ ကျပ် အထိပေးဝယ်ရကာ  အခုနှစ်မှာတော့ ဝါးကုန်ကြမ်းလည်းမရှိသလို ဈေးကလည်း ၁ လုံး ၅၀၀ ကျပ်ကနေ ၁၈၀၀ ကျပ် အထိ အရွယ်သုံးစားပေးဝယ်ရတယ်လို့ သူကပြောပါတယ်။

လူနေအိမ်တွေမှာလည်း ဝါးကာရံအစား တခြားအိမ်သုံးပစ္စည်းတွေ ပြောင်းလဲသုံးလာကြတဲ့အတွက် ဝါးကာရံ ထုတ်လုပ်သူတွေအနေနဲ့ ဒီနှစ်မှာ ထက်ဝက်နီးပါးလောက် ဝင်ငွေကျဆင်းလာနေတယ်လို့ ဆိုပါတယ်။

ဝါးကုန်ကြမ်းတွေကို ရေးချောင်းဖျားဒေသကနေ အဓိကထွက်ရှိလာပြီး ဝါးကုန်ကြမ်းတွေနဲ့ ကွမ်းသီးစင်၊ အိမ်ခြံဝင်း၊ လူနေအိမ်အပြင် ရေလုပ်ငန်းမှာလည်း အဓိကသုံးစွဲပါတယ်။

နေမျိုးထွဋ် (ရေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013