DVB Logo
Home
မြန်မာသတင်း
လွိုင်​​ကော်​ဆေးရုံကြီးတွင်​ အကြားအာရုံေ​ဝဒနာရှင်​များကိုအခမဲ့ကု
DVB
·
March 26, 2018
လွိုင်​​ကော်​ဆေးရုံကြီးတွင်​ အကြားအာရုံေ​ဝဒနာရှင်​များကိုအခမဲ့ကု
1 / 4
Donate to DVB

 

မြန်​မာ-ထိုင်း သံတမန်​ဆက်​ဆံ​မှုထူ​ထောင်​ခြင်း နှစ်​ ၇၀ ပြည့် အထိမ်းအမှတ်​အဖြစ်​ ကယားပြည်​နယ်​ရှိ အကြားအာရုံ​ဝေဒနာရှင်​တွေကို လွိုင်​​ကော်​ပြည်သူ့ ​ဆေးရုံကြီးနဲ့ ထိုင်းနိုင်​ငံ Ragavithi​ဆေးရုံတို့ ပူး​ပေါင်းပြီး​ အခမဲ့ စစ်​​ဆေးကုသ​ပေး​နေပါတယ်​။

နှစ်​နိုင်​ငံ ပူး​ပေါင်းလုပ်​​ဆောင်​တဲ့ ဒီအစီအစဉ်​ရဲ့ ဖွင့်​ပွဲအခမ်းအနားမှာ မြန်​နိုင်​ငံဆိုင်​ရာ ထိုင်းသံအမတ်​ကြီး ဂျူကာဘွမ်းလောင်းနဲ့ ကယားပြည်​နယ်​ အစိုးရအဖွဲ့က တာဝန်ရှိသူတွေ တက်​​ရောက်​ခဲ့ကြပါတယ်​။

ကယားပြည်​နယ်​အစိုးရအဖွဲ့ လုံခြုံ​ရေးနှင့် နယ်​စပ်​​ရေးရာဝန်​ကြီး ဗိုလ်​မှူးကြီးမြင့်ဝေက "မြန်​မာ-ထိုင်း နှစ်​နိုင်​ငံရဲ့ သံတမန်​ဆက်​ဆံ​ရေး ထူ​ထောင်​ခြင်း အထိမ်းအမှတ်​အ​နေနဲ့ ​သော်​လည်း​ကောင်း၊ ကျန်းမာ​ရေးနဲ့ အားကစားဝန်​ကြီးဌာနရဲ့ မူဝါဒ၊ ရည်​မှန်းချက်​နဲ့ လုပ်​ငန်းစဉ်​များကို အ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​တဲ့ အ​နေနဲ့​သော်​လည်း​ကောင်း၊ ကယားပြည်​နယ်​မှာရှိတဲ့ တိုင်းရင်းသား ညီအစ်​ကို ​မောင်​နှမတွေရဲ့ ကျန်းမာ​ရေး ​စောင့်​​ရှောက်​မှုအတွက်​ ယခုလို သီးခြားအစီအစဉ်​နဲ့ ​ဆောင်​ရွက်​​ပေးတာ ဖြစ်​ပါတယ်​"လို့ ဖွင့်​ပွဲ အခမ်းအနားအစီအစဉ်​မှာ ​ပြောပါတယ်​။

ဒီအစီအစဉ်​ကို ထိုင်းနိုင်​ငံနဲ့ နယ်​နိမိတ်​ချင်း ထိစပ်​​နေတဲ့ ရှမ်းပြည်​နယ်​၊ မွန်​ပြည်​နယ်​နဲ့ တနင်္သာရီတိုင်း​ဒေသ​တွေမှာ ​ဆောင်​ရွက်​ခဲ့ပြီးဖြစ်​သလို ကယားပြည်​နယ်​မှာ​တော့ ပထမဆုံးကြိမ် ​ဆောင်​ရွက်​​နေတာလို့ ဗိုလ်​မှူးကြီး မြင့်​​ဝေက ​ပြောပါတယ်​။

ကယားပြည်​တွင်းက လွိုင်​​ကော်​၊ ဒီး​မော့ဆို၊ ဖရူဆို၊ ဖား​ဆောင်း၊ မယ်​စဲ့နဲ့ ရွာသစ်​မြို့နယ်​​တွေက အကြားအာရုံ ခံစား​နေရသူ​တွေကို အခမဲ့ စစ်​​ဆေးကုသ​ပေး​နေတာပါ။

မြန်​မာ - ထိုင်း နှစ်​နိုင်​ငံ ပူး​ပေါင်း လုပ်​​ဆောင်​တဲ့ "Ear Surgery Mobile Unit" အစီအစဉ်​ဟာ မတ်​လ ၂၆ ရက်​​ကနေ ၂၈ ရက်​​အထိ ၃ ရက်​ကြာမြင့်မှာ ဖြစ်​ပါတယ်​။

မြန်​မာနိုင်​ငံ ကျန်းမာ​ရေးနှင့် အားကစားဝန်​ကြီးဌာန၊ ထိုင်းနိုင်​ငံ ကျန်းမား​ရေးဝန်​ကြီးဌာနနဲ့ မြန်​မာနိုင်​ငံဆိုင်​ရာ ထိုင်းသံရုံးတို့က ဦး​ဆောင်​ပြီး​ ဒီအစီအစဉ်​ကို အ​ကောင်​အထည်​​ဖော်​​ ဆောင်​​နေတာလည်း ဖြစ်​ပါတယ်​။

ခွန်းတူးတူး​လေး(လွိုင်​​ကော်​)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013