
မြစ်ကြီးနားကို ရောက်ရှိနေတဲ့ မြန်မာ့စပါးကြီးမြွေ အောင်လအန်ဆန်ဟာ ခြံတခုထဲမှာ ငှက်ပျောပင်တပင်ကို တချက်တည်းနဲ့ကန်ပြီး လှဲလိုက်တဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ ရေးပန်းစားနေပါတယ်။
ဒီရုပ်သံကို သူ့ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်ထားတာဖြစ်ပြီး ငှက်ပျောပင်ကို ဘယ်ခြေနဲ့ တချက်တည်း ကန်လှဲခဲ့တာ ဖြစ်ပါတယ်။
အောင်လအန်ဆန်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်က မြန်မာနိုင်ငံမှာ ကျင်းပတဲ့ One Championship လိုက်ဟဲဗီးဝိတ်တန်းပြိုင်ပွဲမှာလည်း ဘရာဇီးနိုင်ငံသား အလက်ဇန္ဒား မာချာဒိုကို ပထမအချီမှာတင် ခြေကန်ချက်အပြင်းနဲ့ အလဲထိုး အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။
အောင်လအန်ဆန်ဟာ မနေ့ကလည်း ကချင်ပြည်နယ်က စစ်ရှောင်စခန်းတွေက ဒုက္ခသည်တွေကို စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးခဲ့ပါတယ်။










