DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းတွင်ပျံ့နှံ့နေသည့် ဂရုပ်ချက်ကိစ္စ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်း တောင်းပန်
DVB
·
March 26, 2018
အွန်လိုင်းတွင်ပျံ့နှံ့နေသည့် ဂရုပ်ချက်ကိစ္စ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်း တောင်းပန်
Donate to DVB

လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ အုပ်စုဖွဲ့ပြောဆိုထားတဲ့ ဂရုပ်ချက်ထဲမှာ သူကိုယ်တိုင်ပါဝင်တဲ့ အကြောင်းနဲ့ ပြောမှားဆိုမှားတွေ ရှိခဲ့ရင်လည်း ပါဝင်သူတွေကိုယ်စား သူကပဲ တောင်းပန်တယ်လို့  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌက ပြောပါတယ်။

ဒီနေ့၊ မတ်လ ၂၆ ရက်မနက်က မီဒီယာတွေနဲ့ တွေ့ဆုံ သတင်းစာရှင်းလင်းပွဲ ပြုလုပ် ပြောကြားခဲ့တာဖြစ်ပြီး ဒီကိစ္စမှာ သူကိုယ်တိုင် ပါဝင်ပတ်သက်နေတဲ့အတွက် ခုလို သတင်းစာရှင်းလင်းရတာလို့လည်း ပြောပါတယ်။

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတချို့ရဲ့ မက်ဆင်ဂျာမှာ ဂရုပ်ဖွဲ့ ပြောဆိုတာတွေနဲ့ ပတ်သက်လို့ ပါဝင်သူတွေက အမှန်တကယ် ဟုတ်၊ မဟုတ် ဆိုတာကို ဝန်ခံခြင်း၊ မခံခြင်းက သူတို့ရဲ့ ကိုယ်ကျင့်သိက္ခာတရားနဲ့ပဲ ဆိုင်တယ်လို့ ဦးဇင်ဝိုင်းက ပြောသွားပါတယ်။

ဂရုပ်ချက်မှာ ပြောဆိုထားတာတွေကတော့ လတ်တလော မြန်မာ့ရုပ်ရှင်လောကမှာ ပရိသတ်တွေအကြား ရေပန်းစားနေတဲ့ တက်သစ်စ အနုပညာသည် ဇနီးမောင်နှံနှစ်ဦးကို ရည်ရွယ်ပြောဆိုထားတွေ ပါဝင်တယ်ဆိုပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာမှာ အုပ်စုဖွဲ့ပြီး ပြောဆိုထားသူတွေထဲမှာ လက်ရှိ အနုပညာလောက က သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတချို့ ပါဝင်နေပါတယ်။

ဂရုပ်ချက်တွေထဲမှာ ပြောဆိုခဲ့တာတွေကို Screenshot ရိုက်ပြီး ပြင်ပကိုထုတ်ခဲ့တဲ့သူကို တရားစွဲဆိုမလားဆိုတဲ့ မေးခွန်းကိုတော့ “တရားစွဲခံရသူက သူရဲကောင်းဖြစ်သွားပြီး တရားစွဲတဲ့သူတွေကတော့ ဗီလိန်လူဆိုးတွေအဖြစ် ပိုအရှက်ကွဲနိုင်တယ်။ ဒါကြောင့် သူ့အနေနဲ့တော့ တရားမစွဲတော့ဘူး” လို့ ဦးဇင်ဝိုင်းက မီဒီယာတွေရဲ့ မေးမြန်းချက်ကို ဖြေကြားသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013