DVB Logo
Home
မြန်မာသတင်း
သမ္မတသစ်ရွေးချယ်တင်မြှောက်ပွဲ မတ်လ ၂၈ ရက်နေ့ကျင်းပမည်ဟုကြေညာ
DVB
·
March 26, 2018
သမ္မတသစ်ရွေးချယ်တင်မြှောက်ပွဲ မတ်လ ၂၈ ရက်နေ့ကျင်းပမည်ဟုကြေညာ
Donate to DVB

 

နိုင်ငံတော်သမ္မတသစ်ရွေးချယ်တင်မြှောက်ပွဲကို လာမယ့် မတ်လ ၂၈ရက်မှာ ကျင်းပမယ်လို့ ဒီကနေ့မနက် ကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ကြေညာသွားပါတယ်။

ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ကတင်ပြထားတဲ့ ဒုတိယ သမ္မတ ဦးဝင်းမြင့်ဟာ နိုင်ငံတော် သမ္မတ အတွက် သတ်မှတ်ထားတဲ့အရည်အချင်းနဲ့ ပြည့်စုံ ခြင်း ရှိမရှိကိုလည်း စိစစ်ရေးအဖွဲ့က စိစစ်တွေ့ရှိချက်ကို တင်ပြဖို့ရှိတယ်လို့ လွှတ်တော် အစီအစဉ်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်က ဦးထင်ကျော် သမ္မတတာဝန်ကနေ နုတ်ထွက်သွားတာကြောင့် လစ်လပ်နေတဲ့ သမ္မတနေရာအတွက် အစားထိုး ရွေးချယ်တင်မြှောက်ဖို့ရှိနေတာပါ။

ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်ကို ဒုတိယသမ္မတအဖြစ် ပြီးခဲ့တဲ့သီတင်းပတ်က မဲပေးရွေးချယ်ထား တာဖြစ်ပြီး ဦးဝင်းမြင့်အပါအ၀င် ဒုသမ္မတ ၃ဦးထဲကနေ သမ္မတတဦးကို ရွေးချယ်တ င်မြှောက်ရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013