DVB Logo
Home
မြန်မာသတင်း
စိုင်းစိုင်းခမ်းလှိုင်၏ ၃၈ နှစ်ပြည့် ဖျော်ဖြေပွဲကို ဧပြီ ၁၀ ရက်နေ့ ကျင်းပမည်
DVB
·
March 26, 2018
စိုင်းစိုင်းခမ်းလှိုင်၏ ၃၈ နှစ်ပြည့် ဖျော်ဖြေပွဲကို ဧပြီ ၁၀ ရက်နေ့ ကျင်းပမည်
Donate to DVB

 

သရုပ်ဆောင် အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ရဲ့ အသက် ၃၈ နှစ်ပြည့် Birthday Show ဖျော်ဖြေပွဲကို ဧပြီလ ၁၀ ရက်နေ့မှာ ကျင်းပမယ်လို့ သိရပါတယ်။

၂၀၀၄ ခုနှစ်ကတည်းကစပြီး ကျင်းပခဲ့တဲ့ သူရဲ့ မွေးနေ့ပွဲ ဖျော်ဖြေပွဲက အခုဆိုရင် ၁၄ ကြိမ်မြောက်ပြည့်ပြီး ရန်ကုန်မြို့မှာရှိတဲ့ သုဝဏ္ဏဘူမိ Eventpark ကျင်းပသွားမှာ ဖြစ်ပါတယ်။

မတ်လ ၃၀ ရက်နေ့ကလည်း Frenzo Mandalay ဖျော်ဖြေပွဲကို မန္တလေးမြို့မှာ ကျင်းပသွားမှာပါ။

ဒါ့အပြင် စိုင်းစိုင်းခမ်းလှိုင်ရဲ့ SAI SAI is SAI SAI တကိုယ်တော် တေးအယ်လ်ဘမ်ကို လည်း ဧပြီလ ၁ ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပြီး ရန်ကုန်မြို့မှာရှိတဲ့ Junction Square မှာ ပရိသတ်တွေနဲ့ အမှတ်တရလက်မှတ်ထိုး ရောင်းချသွားမယ်လို့ သိရပါတယ်။

သီချင်း ၁၂ ပုဒ် ပါဝင်တဲ့ စိုင်းစိုင်းက စိုင်းစိုင်း အခွေနဲ့ ဆိုရင် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ၇ ခွေမြောက် တေးအယ်လ်ဘမ်လည်းဖြစ်ပါတယ်။ အဲဒီအခွေမှာ ဘန်နီဖြိုး၊ G-Fat၊ ဖြိုးလေး၊ Sanre နဲ့ သူငယ်ချင်းတွေက ပါဝင်သီဆိုသွားမှာပါ။

အနုပညာလောကကို ဝင်ရောက်လာတာ နှစ်ပေါင်း ၂၀ ရှိပြီဖြစ်တဲ့ သရုပ်ဆောင် အဆိုတော်စိုင်းစိုင်းခမ်းလှိုင်က အခုချိန်ထိ အောင်မြင်နေဆဲလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013