DVB Logo
Home
မြန်မာသတင်း
မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် မုဆိုးမများကို ထောက်ပံ့ကြေး ပေးအပ်
DVB
·
March 26, 2018
မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် မုဆိုးမများကို ထောက်ပံ့ကြေး ပေးအပ်
Donate to DVB

မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးသွားသူတွေရဲ့ ကျန်ရစ်သူ မုဆိုးမတွေကို လူကယ်ပြန်ဝန်ကြီးဌာနက ထောက်ပံ့ကြေးတွေ မတ် ၂၅ ရက်နေ့မှာ ပေးအပ်ခဲ့ပါတယ်။

ပဲခူးတိုင်း၊ အရှေ့အုတ်တွင်း၊ ကျောက်ကြီး၊ ကျောက်တံခါးနဲ့ ညောင်လေးပင် မြို့နယ်တွေအတွင်း ပြည်တွင်းစစ်ဒဏ်နဲ့ မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူတွေ၊ မသန်စွမ်းသူတွေ၊ အိမ်ထောင်ဦးစီး မုဆိုးမတွေကို ထောက်ပံ့ကြေး ပေးအပ်ခဲ့တာပါ။

''ဒေသတွင်းမှာရှိတဲ့ မသန်စွမ်းတွေကို လစဉ်ထောက်ပံ့ဖို့ ကြိုးစားနေချိန်မှာပဲ အခုလို ကနဦး ထောက်ပံ့မှုတွေ ပြုလုပ်ပေးနေမှာပါ။ လူကယ်ပြန်အနေနဲ့လည်း ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးငယ်တွေ၊ အခြေခံလူ့အခွင့်အရေး မဆုံးရှုံးရအောင် လုပ်ဆောက်ကူညီ မြှင့်တင် ဆောင်ရွက်နေပါတယ်။ သက်ကြီးရွယ်အို ထောက်ပံ့မှုများကိုလည်း အသက် ၉၀ ကျော် စတင်ထောက်ပံ့နေတာကနေ နောက်နှစ်ဆို ၈၅ နှစ်အထိ အသက်လျော့ချ သက်မှတ် လစဉ်ထောက်ပံ့သွားမယ်” လို့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ထောက်ပံ့ကြေးတွေကို အဆိုပါ လေးမြို့နယ်အတွင်းက တဦးကို ငါးသောင်းကျပ်နှုန်းနဲ့ မသန်စွမ်းတွေအတွက် သိန်းပေါင်း ၁၄၉၀ ကျပ်၊ မုဆိုးမတွေအတွက် သိန်း ၆၇၀ ကျပ်၊ စုစုပေါင်း သိန်းပေါင်း ၂၁၀၀ ကျော် ပေးအပ်လှူဒါန်းခဲ့ပါတယ်။

''လူကယ်ပြန်ဝန်ကြီးဌာနအနေနဲ့ အခုလို ထောက်ပံ့မှုမျိုးအတွက် ဂုဏ်ယူပါတယ်။ ဝမ်းလည်း ဝမ်းသာပါတယ်။ ဒါပေမယ့် အခက်အခဲတခု ရှိတာကတော့ ကျနော်တို့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို စာရင်းကောက်ချိန် ရက်အနည်းငယ်သာ ပေးတဲ့အတွက် ဒေသတွင်းက ထောက်ပံ့ကြေးပေးဖို့ စာရင်းကျန်နေခဲ့သူတွေ ရှိပါတယ်” လို့ ကျောက်တံခါးမြို့နယ် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ဦးမိုးကြီးက ပြောပါတယ်။

လူကယ်ပြန်ဝန်ကြီးဌာနအနေနဲ့ လူငယ်မူဝါဒရေးရာများ၊ မသန်စွမ်းဥပဒေများ၊ သက်ငယ်မုဒိမ်းအတွက် ဥပဒေများ ရေးဆွဲဆောင်ရွက်နေပြီး ရင်ခွင်မဲ့ကလေးများ ကူညီစောင့်ရှောက်မှုကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - ဗိုလ်သူရိန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013