
ကလေးတွေကို လိင် အဓမ္မပြုကျင့်မှုကနေ ကာကွယ်ဖို့ အိန္ဒိယမှာ ဥပဒေသစ် တခု ပြဋ္ဌာန်းလိုက်ပါတယ်။ အဲဒီဥပဒေအရ ကလေးတွေအပေါ်ပြုမူတဲ့ လိင်ရာဇ၀တ်မှုတွေကို တရားစွဲဆိုနိုင်မယ့် အထူးတရားရုံးတွေ ထားပေးတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကလေးတွေ အိမ်ထောင်စပြုနိုင်တဲ့ အနိမ့်ဆုံးအသက်ဟာ ၁၆ နှစ်နဲ့ ၁၈ နှစ် တခုခု သတ်မှတ်ဖို့ လုပ်နေပြီး အဲ့ဒီ အသက်အပိုင်းအခြားဟာ အိန္ဒိယမှာဆိုရင် နောက်ကျလွန်းတာမို့ အငြင်းပွားစရာ ဖြစ်နေပါတယ်။ အခု ဥပဒေသစ်နဲ့ ပတ်သက်ပြီး နိုင်ငံရေး အငြင်းအခုံတွေ ဖြစ်နေတဲ့အကြောင်း နယူးဒေလီမှ သတင်းထောက် ဘစ်မီလာ ဂီလာနီ (Bismillah Geelani) က သတင်းပေးပို့ထားပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။











