DVB Logo
Home
မြန်မာသတင်း
မဟာ​အောင်​​မြေမြို့နယ်​တွင် မီးဘေးကြိုတင်ကာကွယ်ရေး လေ့ကျင့် (ဓာတ်ပုံ)
DVB
·
March 25, 2018
မဟာ​အောင်​​မြေမြို့နယ်​တွင် မီးဘေးကြိုတင်ကာကွယ်ရေး လေ့ကျင့် (ဓာတ်ပုံ)
1 / 7
Donate to DVB

 

နွေရာသီပူပြင်း​ချောက်​​သွေ့လာတဲ့အတွက်​ အမှိုက်​ကစ ပြဿဒ်​မီး​လောင်​တာမျိုးမဖြစ်​​စေဖို့ မီး​ဘေးကြိုတင်​ကာကွယ်​နိုင်ဖို့​ ဇာတ်​တိုက်​​လေ့ကျင့်တာတွေကို မန္တ​လေးမဟာ​အောင်​​မြေမြို့နယ်​ သံလျှက်​​မှော်​အ​နောက်​ အရန်​မီးသတ်​တပ်​ဖွဲ့က ဦး​ဆောင်​ပြုလုပ်​ခဲ့ပါတယ်​။

မန္တ​လေးတိုင်း မီးတပ်​ဖွဲ့မီးသတ်​ဦးစီးဌာန ညွှန်​မှူး သန်း​ဇော်​ဦးက​ “မီး​လောင်​ဖို့ စိုးရိမ်​ရပ်​ကွက်​​တွေဖြစ်​ပြီး သွပ်​မိုးထရံကာ​တွေများပြီး အိမ်​​တွေကပ်​​နေတာ​ကြောင့် မီးအန္တရာယ် ​မဖြစ်​ပွားရ​အောင်​ ကြိုတင်​ပြီး ကားဝင်​လမ်းထွက်​လမ်းနဲ့ ​ရေ ဘယ်​​နေရာ​တွေမှာ ရမယ်​ဆိုတာ​တွေ ကို သိရှိထားရ​အောင်​၊ ပြီး​တော့ ရပ်​ကွက်​ပြည်​သူ​တွေကို မှာချင်​တာက အိမ်​​ရှေ့ကလမ်း​တွေမှာ ခုံ​တွေ ပန်းအိုး​တွေ ချမထားကြဖို့နဲ့ ​ရေကဘယ်​မှာ ရနိုင်​မယ်​ဆိုတာမျိုး​တွေကို ကူညီ​ပေး​စေချင်​တယ်​။ ​နောက်​တခုက​တော့ အိမ်​တိုင်း အိမ်​တိုင်းမှာမီးသတ်​​ဆေးဘူး​တွေ​ ဆောင်​ထားသင့်တယ်​။ ကျ​နော်​တို့အခုလို ကြိုတင်​ဇာတ်​တိုက်​ပြီး မီး​ဘေးအန္တရာယ်​ ကြိုတင်​ကာကွယ်​မူ​တွေကို သုံးမြို့နယ်​ လုပ်​ခဲ့ပြီးပါပြီ။ ချမ်း​အေးသာစံမြို့နယ်​ ​အောင်​​မြေသာစံမြို့နယ်​ အခု  မဟာ​အောင်​​မြေ မြို့နယ် ​သံလျှက်​​မှော် ​အ​နောက်​အကွက်​ ၃၉၀ ၃၉၁ ပင်​မ ၁၀ ရပ်​ကွက်​မှာပြုလုပ်​ခဲ့တာ”လို့ ပြောပါတယ်​။

ရပ်ကွက်​​နေ ဦးလှဦးက “အခုလိုရပ်​ကွက်​အတွင်းလာပြီး ကြိုတင်​ကာကွယ်​တာတွေ ပြုလုပ်​​ပေး​နေတဲ့အတွက်​ ​အခုလာမယ့် နွေရာသီအတွက်​​တော့စိတ်​ချရတာ​ပေါ့။ မကြာမကြာ အခုလို လာ​ရောက်​​လေ့ကျင့်​ စေချင်​တယ်​”လို့ ​​ပြောပါတယ်​။

မီးသတ်​ယာဉ်​ ၅၅ စီးနဲ့ မီးသတ်​အင်​အား ၂၀၀ နီးပါးနဲ့အတူ အ​ထွေ​ထွေ အုပ်​ချုပ်​​ရေးမှူး ဦးစီးဌာနက မဟာ​အောင်​​မြေမြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦးနိုင်​ဝင်းနဲ့အတူ မန္တ​လေးတိုင်း မီးသတ်​ ဦးစီးဌာနမှူး ညွှန်​မှူး သန်း​ဇော်​ဦးတို့ တက်​​ရောက်​ခဲ့ကြပြီး ဇာတ်​တိုက်​​လေ့ကျင့်ခဲ့ကြပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013