DVB Logo
Home
မြန်မာသတင်း
ခန္တီးနယ်တော် ဟော်နန်းတည် နှစ် ၂၀၀ ပြည့်ပွဲတော် ကျင်းပ
DVB
·
March 25, 2018
ခန္တီးနယ်တော် ဟော်နန်းတည် နှစ် ၂၀၀ ပြည့်ပွဲတော် ကျင်းပ
1 / 10
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့မှာ ခန္တီးနယ်တော် နောက်ဆုံးစော်ဘွားဆက် (၁၃)ဆက်ရဲ့ ဟော်နန်းတည် နှစ် ၂၀၀ ပြည့် ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ခန္တီးမြို့ အားကစားကွင်းမှာ မတ်လ ၂၄ ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်မွှေးမွှေးခင် တက်ရောက်အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ဌာနဆိုင်တွေ၊ နာဂ၊ ကချင်၊ ချင်း တိုင်းရင်းသားလူအမျိုးပေါင်းစုံ တက်ရောက်ခဲ့ပြီး အင်အား ၈၀၀ လောက် ရှိတယ်လို့ ရှမ်းစာပေယာဉ်ကျေးမှုကော်တီဖွဲ့ဝင် ဦးအုန်းလွင်က ပြောပါတယ်။

ပွဲတော် အခမ်းအနားနဲ့အတူ ရှမ်းရိုးရာ ယဉ်ကျေးမှုပြခန်းလည်း ပြသထားပြီး ခန္တီးနယ်မြေဒေသအတွင်း ရှမ်းတိုင်းရင်းသားတို့ နှစ်ပေါင်းများစွာ အခြေချ နေထိုင်ခဲ့တာကို ဖော်ဆောင်ပြသထားပါတယ်။

"ခန္တီး" အမည်ဟာ နှစ် ရာပေါင်းများစွာ အမည်တွင်နေခဲ့ပြီး နောက်ဆုံးစော်ဘွားဆက် ၁၃ ဆက်ရဲ့ စော်ဘွား နန်းတည်နှစ်ကို အထိမ်းအမှတ် ပွဲတော် ကျင်းပခဲ့ပါတာ။

ပူတာအို၊ မြစ်ကြီးနား၊ မိုးကောင်း၊ နမ့်တီး၊ ဟုမ္မလင်း၊ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့များ တောင်ကြီးမြို့ ချယ်ရီ ရှမ်းယဉ်ကျေးမှု ထိန်းသိမ်းမြင့်တင်ရေးအဖွဲ့၊ မုံရွာတက္ကသိုလ်တို့မှ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့တွေ လာရောက်တက်ရောက်ခဲ့တယ်လို့ ဦးအုန်းလွင်က ပြောပါတယ်။

မတ် ၂၄ ရက်နဲ့ ၂၅ ရက်ကို ပွဲတော်ကျင်းပပြုနေပြီး ၂၆ ရက်နေ့မှာ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့တွေနဲ့ တွေ့ဆုံကာ နှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

အောင်ဆန်းမြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013