DVB Logo
Home
မြန်မာသတင်း
ပအိုဝ်းတိုင်းရင်းသားများ၏ ရိုးရာ စုပေါင်းရဟန်းခံရှင်ပြုပွဲ (ဓာတ်ပုံ)
DVB
·
March 25, 2018
ပအိုဝ်းတိုင်းရင်းသားများ၏ ရိုးရာ စုပေါင်းရဟန်းခံရှင်ပြုပွဲ (ဓာတ်ပုံ)
1 / 7
Donate to DVB

 

မွန်ပြည်နယ်၊ သထုံမြို့နယ်ထဲက နောင်ကုလားအလယ်ရွာမှာ မတ်လ ၂၄ ရက်နေ့၊ မနက်ပိုင်းက ပအိုဝ်းတိုင်းရင်းသားတွေရဲ့ နှစ်စဉ်ရိုးရာမပျက် စုပေါင်းရဟန်းခံရှင်ပြုပွဲကို ဆင်၊ မြင်း အစုံနဲ့ကျေးရွာအတွင်း လှည့်လည်ခဲ့ကြပါတယ်။

နောင်ကုလားကျေးရွာမှာရှိတဲ့ ပအိုဝ်းတိုင်းရင်းသားတွေရဲ့ စုပေါင်းရဟန်းခံရှင်ပြု မင်္ဂလာပွဲကို ၁၉၉၈ ခုနှစ်က စတင်ကာ ၃ နှစ်ကို တကြိမ်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အခုနှစ်မှာ ၆ ကြိမ်မြောက်ပြုလုပ်တာဖြစ်ကြောင်း သိရပါတယ်။

စုပေါင်းရဟန်းခံရှင်ပြုမင်္ဂလာပွဲဦးဆောင်သူ ခွန်စံဝင်းက "ဒေသခံပအိုဝ်းတိုင်းရင်းသား တွေနဲ့ အဝေးရောက်ပအိုဝ်းတိုင်းရင်းသားတွေ စုပေါင်းသာသနာပြုနိုင်ဖို့နဲ့ ပအိုဝ်းတိုင်းရင်းသား တွေရဲ့ ရှေးအစဉ်အလာတွေ၊ တိုင်းရင်းသားရိုးရာ အမွေအနှစ်တွေ မပျောက်ပျက်ဘဲ အစဉ်အမြဲ အမှတ်ရစေဖို့နဲ့ ဘာသာ၊ သာသနာကို အစဉ်အမြဲ အကျိုးပြုနိုင်စေဖို့အတွက် စုပေါင်းပြုလုပ်ရတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရွာလုံးကျွတ်ရဟန်းခံရှင်ပြုပွဲ လှည့်လည်ခဲ့ရာလမ်းတလျှောက် ပအိုဝ်းရိုးရာဝတ်စုံတွေကို ဝတ်ဆင်ကာ ဆင်၊ မြင်းတွေကို အသုံးပြုခဲ့တာဖြစ်ပြီး ဒေသခံရွာသားတွေရဲ့ ပူးပေါင်းပါဝင်မှု အပေါ်မူတည်ကာ ၃ နှစ်လျှင်တစ်ကြိမ် ဆက်လက်ပြုလုပ်သွားမယ်လို့ ဦးဆောင်လုပ်ကိုင်သူတွေဆီက သိရပါတယ်။

နောင်ကုလားကျေးရွာက ဒေသခံတိုင်းရင်းသား ခွန်မျိုးသက်ဝင်းက “ဒီလိုပွဲမျိုးက ကျနော်တို့ တိုင်းရင်းသားတွေ စုံစုံညီညီနဲ့ တွေ့ကြတဲ့ ပွဲဆိုရင်လည်း မမှားပါဘူး။ ကျနော်တို့ ငယ်ငယ်ကတည်းက ဒီလိုကျင်းပပြုလုပ်နေကြပါ။ အခုသားသမီးတွေရလာတော့ သူတို့ အလှည့်ပေါ့။ အရင် အခေါက်တုန်းက ဆင်တွေငှားရတာ အခက်အခဲဖြစ်တာပေါ့။ ဒီနှစ်တော့ သစ်လုပ်တဲ့သူတွေက နားထားတယ်ဆိုတော့ ဆင်တွေငှားရတာအဆင်ပြေလို့ သား ၂ ယောက်လုံးကို ဆင်နဲ့ ပြုပေးနိုင်ခဲ့တာပါ"လို့ပြောပါတယ်။

အဆိုပါ စုပေါင်းရဟန်းခံရှင်ပြုပွဲမှာ ရှင် ၂၅ ပါးအတွက် မြင်း ၂၅ ကောင်နဲ့ ရဟန်း ၃၀ ပါးအတွက် ဆင် ၉ ကောင်နဲ့ နောင်ကုလားကျေးရွာအတွင်း လှည့်လည်ခဲ့ကြပါတယ်။

သတင်း=ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013