DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်​​နယ်ထွက်​ စ​တော်​ဘယ်​ရီသီးများ ​ဈေးကျသဖြင့် ​​တောင်သူ​များ အခက်​ကြုံ
DVB
·
March 25, 2018
ရှမ်းပြည်​​နယ်ထွက်​ စ​တော်​ဘယ်​ရီသီးများ ​ဈေးကျသဖြင့် ​​တောင်သူ​များ အခက်​ကြုံ
Donate to DVB

 

ရှမ်းပြည်​နယ်​​တောင်​ပိုင်းမှာထွက်​ရှိတဲ့ စ​တော်​ဘယ်​ရီသီးဟာ ​ဈေးအလွန်​ကျ​နေတဲ့အတွက်​ စ​တော်​ဘယ်​ရီစိုက်​​တောင်​သူ​တွေက အခက်​အခဲမျိုးစုံ ကြုံ​တွေ့​နေရပါတယ်​။

အရင်​နှစ်​က တချင်းကို ၂၅၀၀ ကျပ်​ ရရှိ​ပေမယ့်​လည်း အခုနှစ်​မှာ ၁၅၀၀ ကျပ်​သာရရှိပြီး ဝယ်​ယူသူလည်း မရှိ​ကြောင်း သိရပါတယ်​။

စ​တော်​ဘယ်​ရီ သီးဟာ ​ဆောင်းတွင်း စ​ပေါ်ချိန်​မှာ ​ဈေးအသင့်အသင့်ရရှိပြီး ​နွေရာသီ​ နေပူတဲ့အတွက်​ အသီးပိုသီး​ပေမယ့် ​ဈေးကွက်​မရှိတဲ့အတွက်​ ​ဈေးကျဆင်း​နေတာလို့ စတော်ဘယ်ရီစိုက် တောင်သူ မအေးကြည့်က ပြောပါတယ်။

ရှမ်းပြည်​နယ်​ ​တောင်​ကြီး မြို့နယ်​တဝိုက်​မှာ စ​တော်​ဘယ်​ရီ အများဆုံးထွက်​ရှိပြီး ​တောင်​ကြီး မြို့​ပေါ်​ဈေး​တွေမှာသာ လာ​ရောက်​​ရောင်းချရပြီး အ​ခြောက်​ခံစက်ရုံ၊ ကုန်​​ချောစက်​ရုံေ​တွ မရှိတဲ့အတွက်​ ​ဈေးကွက်​မရှိတာ​ပါ။

တောင်​သူ​တွေ အ​နေနဲ့ ပင်​ပင်​ပန်းပန်းစိုက်​ပျိုးခဲ့ရပြီး ​ဈေးကျတဲ့အတွက်​ အရင်းပါဆုံးရှုံးနေပြီး စားဝတ်​​နေ​ရေးအခက်အခဲ ကြုံ​နေရပါတယ်​လို့ တောင်သူ ဒေါ်နန်းထွန်းခဲက ပြောပါတယ်။

စ​တော်​ဘယ်​ရီ ​ဈေးကျပြီး​ ရောင်းမ​ကောင်းတဲ့အတွက်​ ​တောင်​သူ​တွေက ရပ်​ကွက်​မှာ ထမ်းပြီးလိုက်​လံ​ရောင်းချကြရပြီး၊ အသီးကိုလည်း ငါးရက်​တကြိမ်​ထွက်​ရှိတာဖြစ်​ပါတယ်​။

ရှမ်းပြည်​နယ်​ ​တောင်​ပိုင်းမှာ စိုက်​ပျိုးတဲ့ စ​တော်​ဘယ်​ရီသီးဟာ ထိုင်​ဝမ်​မျိုး၊ ပြင်​ဦးလွင်​မျိုးနဲ့​ဒေသမျိုးဆိုပြီး စိုက်​ပျိုးကာ ​တောသလင်း၊ သီတင်းကျွတ်​ စတင်​စိုက်​ပျိုးကာ တ​ပေါင်းလမှာ စတင်​ထွက်​ရှိပြီဖြစ်​ပါတယ်​။

စတော်ဘယ်ရီကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နဲ့ ဟိုပုံးမြို့နယ်မှာ အများဆုံး စိုက်ပျိုးကြတာဖြစ်ပြီး ကျေးရွာအလိုက် တောင်သူတွေ တပိုင်တနိုင် စိုက်ပျိုးကြတာပါ။

ခွန်​ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013