DVB Logo
Home
မြန်မာသတင်း
မင်းလှမြို့နယ်တွင် ယခုလအတွင်း အထောက်ထားမဲ့ ဘင်္ဂလီ ၆၄ ဦး ဖမ်းဆီးမိ
DVB
·
March 25, 2018
မင်းလှမြို့နယ်တွင် ယခုလအတွင်း အထောက်ထားမဲ့ ဘင်္ဂလီ ၆၄ ဦး ဖမ်းဆီးမိ
Donate to DVB

 

မကွေးတိုင်း မင်းလှမြို့နယ် ရေနံမရဲစခန်း အပိုင်နယ်မြေအတွင်း အထောက်ထားမဲ့ ဘင်္ဂလီတွေကို ဖမ်းဆီးရာ မတ်လ ၁ ရက်နေ့မှ မတ်လ ၂၄ ရက်အထိ ၆၄ ဦး ရှိပြီဖြစ်ကြောင်း သိရပါတယ်။

နယ်မြေရဲစခန်းရဲကင်းတွေအနေနဲ့ ဒေသခံပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးအတွက် ပညာပေးစည်းရုံး ဆောင်ရွက်ခဲ့ပြီး သတင်းတွေကို ရယူနိုင်မှုကြောင် အထောက်ထားမဲ့ ဘင်္ဂလီတွေကို ဖမ်းဆီးနိုင်ခဲ့တာလို့ မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထင်အောင်လင်းက ပြောပါတယ်။

"သူတို့ပြောစကားအရက၊ မြောက်ဦးကပဲလာလာ၊ ကျောက်တော်ကပဲလာလာ အဲဒီ ဘက်ကနေ စက်လှေနဲ့ ညပိုင်း ခိုးထွက်လာတယ်။ ပြီးတော့ ရခိုင်ရိုးမတောင်ခြေရောက်တဲ့အခါမှာ ခြေလျှင်လျှောက်တာ၊ ကျနော်တို့အထဲမှာ မိရတဲ့အကြောင်းကတော့ ရွာတွေကိုလည်း တပ်လှန့် ထားတယ်။ ကျနော်တို့က ဘိန်းခင်းဖျက်ဖို့သွားရင်း ကျနော်တို့ စည်းရုံးရေး ဆင်းရတာပေါ့။ သူတို့ လည်း ပါဝင်ပူးပေါင်းဆောင်ရွက်ကြဖို့လို့ ပြောထားတယ်။ သတင်းပေးတို့ ဘာတို့ကိုလည်း ချိတ်ဆက်ထားတယ်ပေါ့။"

မတ် ၁ ရက်နေ့ ၅ ဦး၊ ၆ ရက်နေ့ ၇ ဦး၊ ၁၄ ရက်နေ့ ၁ ဦး၊ ၁၈ ရက်နေ့ ၂ဦး၊ ၂၀ ရက်နေ့ ၁၀ ဦး၊ ၂၃ ရက်နေ့  ၉ ဦး၊ ၂၄ ရက်နေ့ ၁၄ ဦး၊ စုစုပေါင်း ၆၄ ဦး ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

စစ်ဆေးပေါ်ပေါက်ချက်အရ ခိုးဝင်ဘင်္ဂါလီတွေဟာ ရန်ကုန်ထိ သွားရောက်ကြမှာဖြစ်ပြီး အလုပ်အကိုင်ရှာဖွေခြင်း၊ ရန်ကုန်မှတဆင့် မလေးရှားကို ထွက်ခွာဖို့ ဖြစ်တယ်လို့ ရဲမှူး ထင်အောင်လင်းက ပြောပါတယ်။

"ကျနော်တို့ ရဲတပ်ဖွဲ့တွေက စောင့်ကြည့်လေ့လာပြီး ဖမ်းဆီးတာတွေရှိနေတော့ ကားနဲ့က သယ်ဆောင်ဖို့ လာရောက်တာ မတွေ့ရဘူး။ ကားနဲ့ခေါ်လို့ရှိရင် ကားပါမိမှာ၊ သယ်တဲ့ကားကိုပါ ဖမ်းချင်လို့ ကျနော်တို့က စောင့်နေတာ” လို့ ရဲမှူးထင်အောင်လင်းက ပြောပါတယ်။

ဖမ်းဆီးရမိထားတဲ့ ဘင်္ဂါလီတွေကို ရဲတပ်ဖွဲ့က မြို့နယ်လဝကနဲ့ ပူးပေါင်းပြီး ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မနဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013