DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင်သာရှိသည့် ဒေသရင်းဖွား လိပ်မျိုးစိတ် ၁၁ မျိုး သတ်မှတ်
DVB
·
March 25, 2018
မြန်မာနိုင်ငံတွင်သာရှိသည့် ဒေသရင်းဖွား လိပ်မျိုးစိတ် ၁၁ မျိုး သတ်မှတ်
Donate to DVB

 

မြန်မာနိုင်ငံမှာသာရှိတဲ့ ဒေသရင်းဖွားလိပ်မျိုးစိတ်မှာ အရင်က ၈ မျိုး သတ်မှတ်ထားပေမယ့် ၃ မျိုး ထပ်တိုးသွားပြီဖြစ်လို့ အမျိုးစိတ် ၁၁ မျိုးသတ်မှတ်လိုက်ပြီလို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

အသစ်တိုးလာတဲ့ လိပ်သုံးမျိုးမှာ မြန်မာ့အနား ပျော့လိပ်၊ မြန်မာ့ဖက်လိပ်နဲ့ မြန်မာ့လေးကွက် လိပ်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

၂ဝ၁၈ ခုနှစ်I UCN Red List အစည်းအဝေးမှာ လိပ်မျိုးစိတ်ပေါင်း ၉ဝ ကို ပြန်လည်သုံးသပ်ခဲ့ပြီး ယခင်က အရှေ့တောင်အာရှမှာသာရှိတဲ့ အနား ပျော့လိပ်ဆိုပြီး စုပေါင်းသတ်မှတ်ထားရာမှ မြန်မာ့အနားပျော့လိပ်ဆိုပြီး သီးသန့် ပြန်ခွဲကာ တမျိုး ထပ်တိုးသတ်မှတ်ခဲ့တာပါ။

အရင်က ဒေသရင်းဖွားလိပ်မျိုးစိတ် ၈ မျိုးထဲက မျိုးစိတ်ခွဲ ၂ မျိုးးအဖြစ် သတ်မှတ်ထားခဲ့တဲ့ မြန်မာ့လိပ်ရင်ကျိုးနဲ့ မြန်မာလိပ်ပုပ်ကြီးတို့ကို မျိုးစိတ်ခွဲ မဟုတ်တော့ဘဲ မျိုးစိတ်တစ်မျိုးစီ အဖြစ် အခုအစည်း အဝေးက သီးသန့်သတ်မှတ်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာသာရှိတဲ့ ဒေသရင်းဖွားမျိုးစိတ်အဖြစ် သတ်မှတ်လိုက်တဲ့ မျိုးစိတ်မှာ ၁၁ မျိုးဖြစ်ပြီး ကုန်းလိပ်တစ်မျိုး၊ အနားပျော့ လိပ် လေးမျိုးနှင့် ကျန်မျိုးစိတ်များမှာ ကုန်းနေ၊ ရေနေ မျိုးစိတ်တွေ ဖြစ်ပါတယ်။

မြန်မာ့အနားပျော့လိပ် (Myanmar soft-shell turtle)၊ မြန်မာ့ဖက်လိပ် (Myanmar leaf turtle)၊ မြန်မာ့လေးကွက်လိပ် (Myanmar peacock soft-shell turtle)၊ မြန်မာ့တိုက်လိပ် (Myanmar roofed turtle)၊ ရှမ်းကြီးလက်မောင်းလိပ် (Myanmar narrow headed soft-shell turtles)၊ မြန်မာ့ကြယ်လိပ် (Myanmar star tortoise)၊ မြန်မာစင်းလျောလိပ် (Myanmar flapshell turtle)၊ မြန်မာမျက်လုံးလိပ် (Myanmar Eyed turtle)၊ ရခိုင်တောင်လိပ် (Arakan forest turtle)၊ မြန်မာလိပ်ပုပ်ကြီး (Myanmar black turtle)၊ မြန်မာ့လိပ်ရင်ကျိုး (Myanmar box turtle) တို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာသာရှိတဲ့ ဒေသရင်းဖွား လိပ်မျိုးစိတ်တွေဟာ မျိုးသုဉ်းရန် အန္တရာယ်နှင့် ရင်ဆိုင်နေရသော မျိုးစိတ်တွေဖြစ်ပြီး သစ်တော ဦးစီးဌာန၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)၊ လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့တို့က ပူးပေါင်း ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေကို လုပ်နေကြတယ်လို့ သိရပါတယ်။

ညီတူး (ပြန်ဆက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013