မြိုင်မြို့အနောက်မြောက်ဘက်တွင် အင်အား ၄ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်
DVB
·
March 25, 2018

မြိုင်မြို့အနောက်မြောက်ဘက်ကို ဗဟိုပြုပြီး ငလျင်တခုလှုပ်ခတ်သွားကြောင်း မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
မတ် ၂၅ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၁) နာရီ၊ (၁၁)မိနစ်၊ (၃၀) စက္ကန့် အချိန်မှာ မြိုင်မြို့ရဲ့ အနောက်မြောက်ဘက် (၁၁) မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၁ ဒသမ ၇၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၇၄ ဒီဂရီ၊ အနက် (၈၅) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄ ဒသမ ၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။











