DVB Logo
Home
မြန်မာသတင်း
ဆိုင်ကယ်လိုင်စင် ဈေးနှုန်း ဖြေလျှော့ပေးသင့်ကြောင်း ပဲခူးတိုင်းလွှတ်တော် ဥက္ကဋ္ဌ ပြော
DVB
·
March 24, 2018
ဆိုင်ကယ်လိုင်စင် ဈေးနှုန်း ဖြေလျှော့ပေးသင့်ကြောင်း ပဲခူးတိုင်းလွှတ်တော် ဥက္ကဋ္ဌ ပြော
Donate to DVB

ပြည်သူတွေ အဆင်ပြေစေဖို့ ဆိုင်ကယ်လိုင်စင်ဈေးနှုန်း ကြီးမြင့်နေမှုကို ဖြေလျှော့ပေးသင့်တယ်လို့ ပဲခူးတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ခူးတိုင်းအတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တွေကို ဧပြီ ၁ ရက်နေ့ကစပြီး အရေးယူတော့မယ်လို့ ပဲခူးတိုင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းကော်မတီက ကြေညာထားပါတယ်။

လက်ရှိအနေအထားမှာ ဆိုင်ကယ်တစီး လိုင်စင်ဝင်မယ်ဆိုရင် ၁ သိန်းခွဲလောက် ပေါက်နေတဲ့အတွက် လိုင်စင်ဝင်ဖို့ မတက်နိုင်တာကြောင့် ပဲခူးက ပြည်သူအများစုက လိုင်စင်မဝင်ဘဲ စီးနေကြပါတယ်။

အခုလို အရေးယူတော့မယ်ဆိုတော့ ဒေသခံတွေရဲ့ သွားရေးလာရေး အခက်ခဲတွေ ကြုံတွေ့လာနိုင်တာကြောင့် တိုင်ဒေသကြီးအစိုးရအနေနဲ့ ပြည်သူတွေအဆင်ပြေစေဖို့အတွက် ဆိုင်ကယ်လိုင်စင်ဈေးနှုန်းတွေကို ဖြေေ​လျှာ့ပေးသင့်တယ်လို့ ပဲခူးတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ ဦးကြည်ဇင်က ဝေဖန်ပြောဆိုလိုက်ပါတယ်။

“နိုင်ငံခြားသွင်းကုန်နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေအားလုံးက ပစ္စည်းတန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်း အခွန်အဖြစ် ပေးသွင်းရမယ်လို့ ပါပြီးသား။ လောလောဆယ် တချို့တိုင်းတွေဆို သတိထားမိသလောက် ရှမ်းပြည်နယ်နဲ့ မကွေးတိုင်းမှာ ပဲခူးတိုင်းထက် အနည်းငယ်သက်သာနေတယ်လို့ ကြားသိနေရပါတယ်။ ကျနော်တို့ တိုင်းဒေသကြီးအစိုးရအနေနဲ့လည်း တခြား တိုင်းနဲ့ ပြည်နယ်တွေမှာ လုပ်တဲ့၊ ပြည်သူတွေ သက်သာရာ သက်သာကြောင်း ဖြစ်စေတဲ့ အနေအထားမျိုးတွေကို သူတို့ ဘယ်လိုတွေ လုပ်နေလဲ၊ ဘယ်လိုပုံစံနဲ့ သွားတာလဲဆိုတာ လေ့လာပြီးတော့ ပြည်သူတွေအတွက်  ပြန်ပြီးဖြေလျှော့မှုတခု ပေးသင့်တယ်လို့ ထင်ပါတယ်။”

ကျောက်ကြီးစု ရပ်ကွက်နေ ကိုနေမျိုးက “ကျနော်တို့ ပဲခူးမှာက အိမ်တိုင်းလိုလို ဆိုင်ကယ်ရှိပါတယ်။ ဒါပေမယ့် ၉၀ ရာခိုင်နှုန်းကတော့ လိုင်စင်မရှိကြပါဘူး၊ လိုင်စင်လုပ်ဖို့ ဆိုတာကလည်း လိုင်စင်ဈေးနှုန်းက တရုတ်ဆိုင်ကယ်တစီးဖိုးစာလောက် ဖြစ်နေတယ်ဆိုတော့ ဆိုင်ကယ်လိုင်စင်ဝင်ဖို့ အခက်အခဲအများကြီး ရှိတာပေါ့။ သာမန်ပြည်သူတွေ ဝင်နိုင်လောက်တဲ့ ငါးသောင်း ခြောက်သောင်းလောက်ဆိုရင်တော့ လူတိုင်း ဆိုင်ကယ်လိုင်စင်ဝင်ကြမှာပဲ။ အခု ဒီအတိုင်း လိုင်စင်မဝင်ဘဲ စီးနေတော့ နိုင်ငံတော်အတွက်လည်း အခွန်မရဘူးပေါ့။ အဲဒီတော့ လူတန်းစားပေါင်းစုံ လိုင်စင်ဝင်နိုင်အောင် လိုင်စင်ဈေးကို လျှော့ပေးမယ်ဆိုရင်တော့ နိုင်ငံတော်အတွက်လည်း အခွန်တွေအများကြီး ရမယ်လို့ ထင်ပါတယ်” လို့  ပြောပါတယ်။

ဆိုင်ကယ်အရောင်းဆိုင် ဖွင့်ထားသူ ဦးမင်းစိုးဦးက “ကျနော်တို့ဆီက ဆိုင်ကယ်ဝယ်သွားတယ်ဆိုရင် တခြား တိုင်းနဲ့ပြည်နယ် အနေအထားနဲ့ဆိုရင် ပဲခူးတိုင်းက လိုင်စင်ဈေးက အရမ်းကြီးတယ်လို့ ပြောတယ်။ ဆိုင်ကယ်တစီးကို အကန့်အသတ်နဲ့ပေါ့။ လေးသောင်းဆို လေးသောင်း၊ ငါးသောင်းဆို ငါးသောင်းလောက်ပေါ့။ ဝင်နိုင်တဲ့ အတိုင်းအတာတခုအထိ ချပေးမယ်ဆိုရင်တော့ လူတိုင်းက လိုင်စင်ဘီးပဲ စီးကြမှာပါ” လို့ ပြောပါတယ်။

အခုလို လိုင်စင်မဲ့ ဆိုင်ကယ်စီးသူတွေကို အရေးယူမယ်ဆိုရင် ဆိုင်ကယ် အရောင်းဆိုင်တွေမှာလည်း လိုင်စင်မဲ့ဆိုင်ကယ်တွေ ရောင်းဝယ်နေတာတွေ အများကြီး ရှိတဲ့အတွက် တိုင်းဒေသကြီးအနေနဲ့ အဲဒီအရောင်းဆိုင်တွေကို ဘယ်လိုဆောင်ရွက်ကြမလဲဆိုတဲ့ ဝေဖန်မှုတွေကလည်း ရှိနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013