
ပုဂံမြို့သစ် စိမ်းညက်ညီအစ်မ ဘုရားအနီးမှာ မတ်လ ၂၄ ရက် rနက် ၈ နာရီလောက်က သေဆုံးနေတဲ့ အလောင်းတစ်လောင်းတွေ့တယ်လို့ ပုဂံမြို့သစ်ရဲစခန်း အရာရှိတဦးက ပြောပါတယ်။
ဒေသခံတွေကတော့ သေဆုံးသူဟာ မြင်းကပါကျေးရွာမှာ အလုပ်လုပ်ကိုင်သူဖြစ်ပြီး ဦးညိုကြီး အသက် ၄၉ နှစ် ဖြစ်တယ်လို့ ဆိုပါတယ်။
ပုဂံမြို့သစ်ရဲတပ်ဖွဲ့ကတော့ ပုံမှန် အတိုင်းသေဆုံးတာဖြစ်နိုင်ပြီး အသေးစိတ်ကို သိရှိခြင်း မရှိသေးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။
ဒီဗွီဘီက အခင်းဖြစ်နေရာ ရောက်ရှိချိန်မှာတော့ သေဆုံးခန္ဓာကိုယ်ကို မတွေ့ရှိရဘဲ ဆေးရုံကို စစ်ဆေးဖို့ ပို့ဆောင်ထားတယ်လို့ ရဲဝန်ထမ်းတဦးက ပြောပါတယ်။











