DVB Logo
Home
မြန်မာသတင်း
လူမှုကွန်ရက်တွင် အမုန်းစကားများ မပြောစေရန် မန္တလေးတွင် ကမ်ပိန်းပြုလုပ်
DVB
·
March 24, 2018
လူမှုကွန်ရက်တွင် အမုန်းစကားများ မပြောစေရန် မန္တလေးတွင် ကမ်ပိန်းပြုလုပ်
1 / 6
Donate to DVB

ကရုဏာမျိုး​စေ့က ဦး​ဆောင်​ပြီး လူမှုကွန်​ရက်​​တွေမှာ အမုန်းစကား​တွေမ​ပြောဖို့ မ​န္တ​လေးမြို့

၆၆ လမ်း ၂၆ လမ်း​ဒေါင့်ေ​​အာင်​​မြေသာစံမြို့နယ်​မှာ ကမ်​ပိန်းပြုလုပ်​ခဲ့ပါတယ်​။

“ကိုယ်​ရဲ့ပတ်​ဝန်းကျင်းမှာ တ​ဦးနဲ့တ​ဦး၊ တ​ယောက်​နဲ့တ​ယောက်​ လူတစုနဲ့တစု အမုန်းစကား​တွေမ​ပြောကြဖို့ အချင်းချင်းပိုပြီးချစ်​လာ တယ်​ဆိုရင်​ ကျမတို့နိုင်​ငံဟာ ဒီထက်​ပိုပြီး သာယာလှပလာတဲ့ ဖက်​ဒရယ်​ပြည်​​ထောင်​စုကို ​ရောက်​နိုင်​ဖို့ ဒီရည်​ရွယ်​ချက်​နဲ့ ဒီကမ်​ပိန်းကိုလုပ်​တာပါ။ အဓိကက​တော့ ဘာသာမတူ လူမျိုးမတူသူ​တွေ ကြားထဲမှာ ပိုပြီးချစ်​ခင်​လာဖို့ ဒီ​နေ့ ​သော့တွဲတစ်​​ထောင်​ကို ​ပေး​ဝေတဲ့ ကမ်​ပိန်းပြုလုပ်​ရတာ”လို့ ဖွံ့ဖြိုး​ရေးဌာနချုပ်​(ဗဟို)က မစုချစ်​က​ပြောပါတယ်။

ဒီအဖွဲ့ဟာ ဘာသာ​ပေါင်းစုံစု​ပေါင်းပြီး သစ်​ပင်​​တွေစိုက်​​နေသလို ဂမ်​ရွာ ​ဖောင်​​တော်​ဦး​ကျောင်း မဟာရီစင်​တာ​တွေမှာလည်း ​သင်​တန်း​တွေပို့ချ​နေပြီး မန္တ​လေး၊ ​ရွှေဘို လာရိုး၊ ရန်​ကုန်၊ ​ပဲခူး​တွေမှာ ဆက်​လက်​ပြီး ကမ်​ပိန်း​တွေကို ပြုလုပ်​သွားမှာလည်း ဖြစ်ပါတယ်​။

“ဘာသာကြီးငါးဘာသာအ​နေနဲ့ တဘာသာနဲ့ တဘာသာ တ​ယောက်​နဲ့တ​ယောက်​ သူတိုရဲ့ လွတ်​လပ်​စွာ ကိုးကွယ်​ခွင့်​ကိုနားလည်​တယ်။ ​အပြန်​အလှန်​နားလည်​မှုရှိကြမယ်​။ တ​ယောက်​နဲ့တ​ယောက်​ ကရုဏာထား​ပေးနိုင်​မယ်​ဆိုရင်​​တော့ ဒီလိုမျိုး တဘာသာနဲ့တဘာသာ အမုန်းပွား​နေတာ​တွေ မရှိ​တော့ဘူး။ တ​ယောက်​နဲ့တ​ယောက်​ အမုန်းပွား​နေတာ​တွေ မရှိ​တော့ဘူး။ တ​ယောက်​နဲ့တ​ယောက် အပြန်​အလှန်​ဂရုဏာထား ဖို့ကအ​ရေးကြီးတယ်​” လို့ သုံးသပ်​​​ပြောဆိုခဲ့ပါတယ်။

ဘာသာ​ပေါင်းစုံအ​နေ့နဲ့ အမုန်းစကား ဒို့မပွား ငြိမ်းချမ်း​ရေးကို ဒို့လိုလား ဘာသာ​ပေါင်းစုံ အတူလက်​တွဲ ငြိမ်းချမ်း​ရေး​တွေ ပိုခိုင်​မြဲ​စေဖို့ ရည်​ရွယ်​ချက်​နဲ့ ဒီကရုဏာမျိုး​စေ့အဖွဲ့ကို ၂၀၁၇ခု နှစ်​ကစတင်​တည်​​ထောင်​ခဲ့ပြီး ဘာသာ​ပေါင်းစုံက လူငယ်​လူရွယ်​​တွေ ပါဝင်​ဖွဲ့စည်းထားပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013