DVB Logo
Home
မြန်မာသတင်း
သရဲကားကြိုက်ပရိသတ်များအတွက် ထိုင်းသရဲကား 3AM Part 3 (နမူနာကြည့်ရန်)
DVB
·
March 24, 2018
သရဲကားကြိုက်ပရိသတ်များအတွက်  ထိုင်းသရဲကား 3AM Part 3 (နမူနာကြည့်ရန်)
Donate to DVB

"ညရဲ့ ကြောက်စရာအကောင်းဆုံးအချိန်ဖြစ်ပြီး တစ္တေ၀ိညာဉ်တွေ ကျနော်တို့ ကမ္ဘာထဲကို ၀င်လာနိုင်တဲ့အချိန်" ဆိုတဲ့ စာသားက ထိုင်းသရဲကား 3AM Part 3 ဇာတ်ကားရဲ့ ပိုစတာပေါ်က စာသားလေးပါ။

မတူညီတဲ့ ဇာတ်လမ်းသုံးပုဒ်ပါဝင်ပြီး ဇာတ်လမ်းတိုင်းမှာ ညသန်းခေါင် ၃ နာရီရောက်တာနဲ့ မကောင်းတဲ့ အရာတွေ ဖြစ်ပေါ်လာပါတော့တယ်။

ပထမဆုံး ဇာတ်လမ်းကတော့ လမ်းဖြတ်သန်းခကောက်ခံတဲ့ Pim ဆိုတဲ့ ကောင်းမလေးရဲ့ ဇာတ်လမ်းပါ။ ညဘက်အချိန်မှာ အလုပ်လုပ်ရတဲ့ Pim တစ်ယောက် သူ့အသက်ကို နုတ်ယူမယ့် မကောင်းဆိုးဝါးဝိညာဉ်ရဲ့ တိုက်ခိုက်တာကိုခံရတဲ့ အကြောင်းပါ။

ဒုတိယတပုဒ်ကတော့ Tan ဆိုတဲ့ ကောင်လေးရဲ့ ဇာတ်လမ်းပါ။ သူ့ကို လက်မလွှတ်နိုင်သေးတဲ့ ရည်းစားဟောင်းနဲ့ ဆက်ဆံရေးကနေ ရုန်းထွက်ချင်တဲ့ Tan တယောက် ညတညမှာ ဆွဲဆောင်မှုအားကောင်းတဲ့ အမျိုးသမီးတယောက်နဲ့တွေ့ပြီး အဲဒီအမျိုးသမီးက သူ့အပေါ် စိတ်ချောက်ချားစေတဲ့ မန္တာန်နဲ့ ပြုစားလိုက်ပါတယ်။ Tan တစ်ယောက် ဘယ်လိုဆိုးရွား ချောက်ချားစရာတွေများ ကြုံရမလဲ။

နောက်ဆုံးဇာတ်လမ်းကတော့ လုပ်ငန်းခွင်မှာ ပညာရှင်မဆန်ဘဲ လုပ်ဖော်ကိုင်ဖက်တွေကို စိတ်ပျော်ရွှင်မှုမပေးတဲ့ ဒါရိုက်တယောက်ကို သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက တော်တော်ဆိုးရွားယုတ်မာတဲ့ နောက်ပြောင်ကျီစယ်မှုကို ပြုလုပ်တော့မှာပါ။ ဒါပေမယ့် သူတို့တွေ မသိသေးတာက သူတို့နောက်ပြောင်ကျီစယ်မယ့်လူက မတော်တဆမှုနဲ့ မကြာခင်လေးတင်ကပဲ သေသွားတယ်ဆိုတာကိုပါ။ ဒီတော့ ဘာတွေဆက်ဖြစ်ကြမလဲ။

၂၀၁၂ နဲ့ ၂၀၁၄ ခုနှစ်တွေကထွက်ရှိခဲ့တဲ့ 3AM ထိုင်းသရဲကားတွေရဲ့ တတိယမြောက် ဇာတ်ကားပါ။ ဒီဇာတ်ကားကို မကြာခင် ပြည်တွင်းက ရုပ်ရှင်ရုံတွေမှာ ကြည့်ရှုရတော့မှာဖြစ်တာကြောင့် သရဲကားကြိုက်တဲ့ ပရိသတ်တွေအတွက် သတင်းကောင်းပါးလိုက်တယ်။

ဒါရိုက်တာ - Pawat Panangkasiri, Ping Thammanoon, James Thanadol and Nitiwat Cholwanichsiri

သရုပ်ဆောင် - Passornkorn Chirathivat, Nachjaree Horvejkul, Cheranut Yusanonda, Worakarn Rojanawat, Numchok Thanatram and Natee Ekwijit

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013