ရသေ့တောင်တွင် ကျပ်သိန်းပေါင်း ၁၆၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
March 24, 2018

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ငွေကျပ်သိန်းပေါင်း ၁၆၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ရသေ့တောင်မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မတ် ၂၂ ရက်နေ့ ညနေပိုင်းက ရသေ့တောင်မြို့နယ်၊ အငူမော်ကျေးရွာအဝင်လမ်းနဲ့ ကူးတို့ဆိပ်လမ်းဆုံမှာ အောင်သူနိုင် မောင်းနှင်ပြီး ထက်ငြိမ်းကို လိုက်ပါလာတဲ့ မော်တော်ယာဉ်ကို ရှာဖွေရာ ယာဉ်ပေါ်မှ ငွေကျပ် ၁၆,၃၀၂ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈၁၅,၁၀၀ ပြားတွေ ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။
အောင်သူနိုင် (၂၅) နှစ်နှင့် ထက်ငြိမ်းကို (၁၈) နှစ် တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိပါတယ်။