DVB Logo
Home
မြန်မာသတင်း
မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်း
DVB
·
March 24, 2018
မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်း
Donate to DVB

မွန်ပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ ဥက္ကဋ္ဌ အောင်ဆန်းစုကြည်လက်မှတ်နဲ့ ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။

မွန်ပြည်နယ်မှာ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဝါဒများ၊ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်များ၊ လုပ်ထုံးလုပ်နည်းများနဲ့ အညီ လူမျိုးကို အခြေခံ တဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် “မွန်ပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီ” ကို ဖွဲ့စည်းလိုက်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။။

အဖွဲ့မှာ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်၊့ တပ်မတော်ကိုယ်စားလှယ်နဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့အပါအ၀င် အဖွဲ့ဝင် ၉ ဦးနဲ့ ဖွဲ့စည်းလိုက်တာပါ။

အဖွဲ့မှာပါဝင်တဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တွဲဖက်အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းက သူ့အနေနဲ့ EAOs အဖွဲ့အနေနဲ့ ပါဝင်တာဖြစ်တယ်လို့ ပြောပါတယ်။

“ဒီကြီးကြပ်ရေးကော်မီတီက သက်ဆိုင်ရာ EAOsထဲက ၃ ယောက်ပါရမယ်လေ။ ဆိုတော့ မွန်နဲ့ပတ်သက်ပြီးတော့ ကေအန်ယူအနေနဲ့ ရှိတာပေါ့နော်။ သက်ဆိုင်ရာ ကေအန်ယူကို တောင်းတော့ ဒီဘက်က ပေးတာပေါ့နော်။”

ဒီလိုအမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကြီးကြပ်ရေးကော်မတီတွေကို ၂၀၁၆ ခုနှစ်က နေပြည်တော်အဆင့် ကြီးကျပ်ရေးကော်မတီ၊  ကရင်ပြည်နယ်အမျိုးသားဆင့်ကြီးကြပ်ရေးကော်မတီ၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း စတဲ့ ဒေသအသီးသီးက အမျိုးသားအဆင့် ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းထားခဲ့ပါတယ်။

ဒါပေမယ့် မွန်ပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီကိုတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013