DVB Logo
Home
မြန်မာသတင်း
နေတိုး၊ မြင့်မြတ်၊ အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသုတို့ အကယ်ဒမီဆုများ ဆွတ်ခူး
DVB
·
March 24, 2018
နေတိုး၊ မြင့်မြတ်၊ အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသုတို့ အကယ်ဒမီဆုများ ဆွတ်ခူး
1 / 7
Donate to DVB

 

မတ်လ ၂၃ ရက်နေ့က ကျင်းပခဲ့တဲ့ ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားမှာ သရုပ်ဆောင် နေတိုးနဲ့ အိန္ဒြာကျော်ဇင်တို့က ဇာတ်ဆောင်အကယ်ဒမီဆုတွေ အသီးသီးရရှိသွားခဲ့ကြပါတယ်။

နေတိုးကတော့ တာတေကြီးရုပ်ရှင်ဇာတ်ကားနဲ့ ဒီဆုကို တတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပြီး အိန္ဒြာကျော်ဇင်ကတော့ ရင်ဘတ်ထဲက ဓားဇာတ်ကားနဲ့ ဒုတိယအကြိမ် ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

အခုနှစ်မှာတော့ ပထမအကြိမ်အဖြစ် တသက်တာရုပ်ရှင်ထူးချွန်ဆုကိုပါ ထည့် သွင်းချီးမြှင့်ခဲ့တာဖြစ်ကာ ဒီဆုကိုတော့ စည်သူ ဘိုကလေးတင့်အောင်ကို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်အတွက် အကယ်ဒမီဆု စုစုပေါင်း ၁၁ ဆုချီးမြှင့်နိုင်ခဲ့ကာ အကောင်းဆုံးရုပ် ရှင်ကားဆုကိုတော့ နေခြည်မှာ ရွှေရည်လောင်းဇာတ်ကားက ရရှိသွားခဲ့တာပါ။

အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကိုတော့ အမှောင်တွေရွာချတဲ့မိုးတိမ် ဇာတ်ကားနဲ့ မြင့်မြတ်က ရရှိသွားပြီး ပိုင်ဖြိုးသုကတော့ သရဲမ ဘီလူးမနဲ့ မိန်းမပျို ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကိုတော့ ထာဝရအမေဇာတ်ကားနဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်က ရရှိသွားပြီး အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆုကိုတော့ ရင်ဘတ်ထဲကဓား ဇာတ်ကားနဲ့ ၀ိုင်းက ရရှိသွားပါတယ်။

အကောင်းဆုံး ရုပ်ရှင်အသံဆုကိုတော့ ထာဝရအမေဇာတ်ကားနဲ့ သိန်းအောင်၊ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကို သရဲမ ဘီလူးမနဲ့ မိန်းမပျိုဇာတ်ကားနဲ့ ကျောက်ဖြူ(ပဒေသာ)၊ ကိုနေ၀င်းတို့က ရရှိသွားခဲ့ပါတယ်။

အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကိုတော့ ထာဝရအမေဇာတ်ကားနဲ့ အိုဝင်၊ အကောင်းဆုံး နောက်ခံတေးဂီတဆုကိုတော့ ကွမ်းလုံရက်(၄၀)ဇာတ်ကားနဲ့ စန္ဒယား တင်ဝင်းလှိုင်တို့က အသီးသီး ရရှိသွားကြပါတယ်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို မနေ့ညနေပိုင်းက ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ၊ MEP (Myanmar Event Park) မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013