DVB Logo
Home
မြန်မာသတင်း
ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးအနီး အဆင့်မြင့်လုံးချင်းအိမ်ရာစီမံကိန်း စတင်
DVB
·
March 23, 2018
ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးအနီး အဆင့်မြင့်လုံးချင်းအိမ်ရာစီမံကိန်း စတင်
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ပထမဆုံးလုံးချင်းအိမ်ရာ ဖြစ်လာမယ့် အဏ္ဏဝါဥယျာဉ်အဆင့်မြင့် လုံးချင်းအိမ်ရာစီမံကိန်းကို ရေးမြို့၊ အဏ္ဏဝါရပ်၊ ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးဘေးမှာ စတင်ဆောင်ရွက်နေပါတယ်။

လုံးချင်းအိမ်ရာ ၅၆ လုံးပါဝင်မယ့် အဲဒီစီမံကိန်းဧရိယာ ၇ ဒသမ ၂၇ ဧကအတွင်း ဟိုတယ်၊ ဈေးဝယ်စင်တာ၊ ဘဏ်၊ စာကြည့်တိုက်၊ ဓမ္မာရုံ၊ မူကြိုကျောင်း၊ ပန်းခြံတို့ အပါအဝင် အဆင့်မြင့်စားသောက်ဆိုင်များ၊ ရုပ်ရှင်ရုံတို့လည်း ထည့်သွင်းတည်ဆောက်သွားမယ်လို့ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ Our Style Company Group Ltd. ဥက္ကဋ္ဌ ဦးဇော်မင်းအောင်က ပြောပါတယ်။

“နိုင်ငံတော်စီးပွားရေးမူဝါဒတွေကို အထောက်အပံ့ဖြစ်ဖို့၊ ရေးမြို့မှာရှိတဲ့ ဒေသခံ ပြည်သူတွေအနေနဲ့ အဆင့်မြင့်မြင့် အိမ်ရာတွေမှာ နေစေလိုတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်။ အဏ္ဏဝါဂါးဒန်းအိမ်ရာ တည်ဆောက်ခြင်းအားဖြင့် အလုပ်အကိုင် အခွင့်အလမ်းတွေ၊ လူနေမှု အဆင့်အတန်းတွေ မြင့်မားတိုးတက်လာစေဖို့ပါ။”'

ကနဦးရင်းနှီးမြှုပ်နှံမှု ငွေကျပ် ၃ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားရှိပြီး အရောင်းပွဲတော် အဖြစ် မတ်လ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ အဲဒီစီမံကိန်းဧရိယာထဲမှာ ပြုလုပ် ကျင်းပသွားမှာဖြစ်ပြီး မြေကွက်တန်ဖိုးအနေနဲ့ ငွေပေးချေမှုအပေါ် မူတည်ကာ တစတုရန်း တပေ ငွေကျပ် ၂၆၀၀ မှ ၂၈၀၀ အထိ ကျသင့်မှာပါ။

ရေးမြို့နေ လုပ်ငန်းရှင်တဦးဖြစ်သူ ဦးအောင်နိုင်ဝင်းက “မွန်ပြည်နယ်မှာ ပထမဦးဆုံးလို့ ပြောလို့ရတာပေါ့။ ကြိုဆိုပါတယ်။ လူနေမှုအဆင့် မြင့်မားလာမှာ ဖြစ်သလို ရေးမြို့ရဲ့ ဂုဏ်ပုဒ်တခုလည်း ဖြစ်လာနိုင်တယ်။ ကြိုဆိုတယ်။ ကြေညာထားတဲ့ ပေးမယ့် ဝန်ဆောင်မှုတွေအားလုံးကိုတော့ အကောင်းဆုံးပြည့်စုံအောင် ဆောင်ရွက်ပေးစေချင်တာပေါ့၊ ဒါမှ ဖောက်သည်တွေရဲ့ ယုံကြည်မှုရှိမှ အောင်မြင်နိုင်သလို နောက် ဆက်အကောင်အထည်ဖော်မယ့် အရာတွေလည်း အောင်မြင်နိုင်မယ်လို့ မြင်ပါတယ်။”'

အရောင်းပွဲတော်ကာလအတွင်း မြေကွက်တန်ဖိုးကို ကျပ်သိန်း ၁၀၀ ထိ လျှော့ရောင်းချပေးသွားမှာ ဖြစ်ပြီး အရစ်ကျစနစ်နဲ့လည်း ဝယ်ယူရရှိနိုင်မှာဖြစ်ကာ အဆောက်အဦ တခုချင်းအလိုက် ကုမ္ပဏီက ရေးဆွဲထားတဲ့ အိမ်ပုံစံ ၂၀ အနက် စိတ်ကြိုက်ရွေးချယ်နိုင်မယ်လို့ သိရှိရပါတယ်။

သတင်း - ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013