DVB Logo
Home
မြန်မာသတင်း
လိင်ပိုင်းအမြတ်ထုတ်ခဲ့သည့် မယ်လိမ့်လုံဆိုင်ရှင်ကို ရုံးထုတ် ရမန်ယူ
DVB
·
March 23, 2018
လိင်ပိုင်းအမြတ်ထုတ်ခဲ့သည့် မယ်လိမ့်လုံဆိုင်ရှင်ကို ရုံးထုတ် ရမန်ယူ
Donate to DVB

စား​သောက်​ဆိုင်​ဝန်​ထမ်းကို လိင်​ပိုင်းဆိုင်​ရာ အမြတ်​ထုတ်​ခဲ့တဲ့ မယ်​လိမ့်လုံ စား​သောက်​ဆိုင်​ပိုင်​ရှင်​ကို ဒီ​က​နေ့ မတ်​လ ၂၃ ရက်​​နေ့က ရန်​ကုန်​မြို့ ​တောင်​ဥက္ကလာပမြို့နယ်​ တရားရုံးမှာ ရမန်​ထုတ်​ယူခဲ့ပါတယ်​။

မယ်​လိမ့်လုံစား​သောက်​ဆိုင်​ပိုင်​ရှင်​ ​အောင်​မျိုးထွဋ်​ဟာ သူ့ဆိုင်​ရဲ့ ဝန်​ထမ်းအမျိုးသားကို အလိုမတူဘဲ ဓမ္မတာနဲ့ ဆန့်ကျင်​ပြီး အဓမ္မပြုကျင့်မှုနဲ့ မတ်​လ ၉ ရက်​​နေ့က ​တောင်​ဥက္ကလာပမြို့နယ် ​ရဲစခန်းမှာ အမှုဖွင့်တိုင်​ကြားခံခဲ့ရတာ​ကြောင့် ဖမ်းဆီးပြီး စစ်​​ဆေး​နေခဲ့တာ ဖြစ်​ပါတယ်​။

မယ်​လိမ့်လုံစား​သောက်​ဆိုင်​ပိုင်​ရှင်​​ ​အောင်​မျိုးထွဋ်​ကို မတ်​လ ၉ ရက်​​နေ့က ဖမ်းဆီးခဲ့တာဖြစ်​ပြီး ရမန်​ ၂ ပတ်​ပြည့်တဲ့အတွက်​ တရားရုံးကို လာ​ရောက်​ခဲ့​ပေမယ့် အမှုဖိုင် ​တရားရုံးကို မ​ရောက်​​သေးတဲ့အတွက်​ ​နောက်​ထပ်​ရမန်​ ၂ ပတ်​ ထပ်​မံယူခဲ့တာပဲ ဖြစ်​ပါတယ်​။

တရားရုံးကို အမှုဖိုင်​​ရောက်​မလာ​သေးတဲ့အ​ပေါ် ​တောင်​ဥက္ကလာပမြို့နယ်​ တရားရုံးကို ​မေးမြန်းကြည့်ရာမှာ​တော့ ရဲစခန်းက ဒုတိယအကြိမ်​ ချုပ်​မိန့်​​တောင်းတာဖြစ်​ပြီး၊ ဒီအမှုကို ရဲစခန်းက အမှုတည်​​ဆောက်​ဆဲကာလ​ကြောင့် ဖြစ်​တယ်​လို့ ​တောင်​ဥက္ကလာပမြို့နယ်​ တရားသူကြီးက ပြောပါတယ်​။

အခုလက်​ရှိမှာ​တော့ မယ်​လိမ့်လုံစား​သောက်​ဆိုင်​ပိုင်​ရှင်​ကို ပုဒ်​မ ၃၇၇ နဲ့ အမှုဖွင့်ထားတာပဲ ဖြစ်​ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013