DVB Logo
Home
မြန်မာသတင်း
သမ္မတ ဦးထင်ကျော် ကျန်းမာရေးကြောင့် အနားယူခြင်းမဟုတ်ဟု ဇနီးဖြစ်သူပြော(ရုပ်သံ)
DVB
·
March 23, 2018
သမ္မတ ဦးထင်ကျော် ကျန်းမာရေးကြောင့် အနားယူခြင်းမဟုတ်ဟု ဇနီးဖြစ်သူပြော(ရုပ်သံ)
Donate to DVB


သမ္မတကြီး ဦးထင်ကျော်ဟာ ကျန်းမာရေးကြောင့် အနားယူတာမဟုတ်ဘူးလို့  ဇနီးဖြစ်သူ ဒေါ်စုစုလွင်က ပြောကြားလိုက်ပါတယ်။

“ကျန်းမာရေးကို စိုးရိမ်ကြတာပေါ့နော်။ လူမှုကွန်ရက်တွေမှာ ဆုတောင်းပေးကြတာတွေ တော်တော်လေးပဲ မြင်ရပါတယ်။ အဲဒီလို စိတ်ပူပေးတဲ့သူတွေ၊ ဆုတောင်းပေးတဲ့သူတွေ ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောချင်ပါတယ်။ အဲဒီလိုပုဂ္ဂိုလ်တွေကိုလည်း ကျန်းမာရေးအတွက် မစိုးရိမ်ပါနဲ့လို့။ အခု အနားယူမယ့်ကိစ္စကလည်း ကျန်းမာရေးအတွက် မဟုတ်ပါဘူး။ ဒါပေမယ့် လူတွေတော်တော်များများကတော့ လွန်ခဲ့တဲ့ ၆ လကျော်လောက်က သူ ခွဲစိတ်ကုသမှုခံယူထားတာ ရှိပါတယ်။ သူ ကျန်းမာရေး အားနည်းခဲ့ပါတယ်။ သူ စားသင့် စားထိုက်၊ နေသင့်နေထိုက်တဲ့ပုံ မနေဘဲ အန်တီ့စကား နားမထောင်တာတော့ အမှန်ပါပဲ။ နောက် ပူတာအိုခရီးက ပြန်လာတဲ့အခါကျတော့ အီကိုလိုက်ပိုး ဖြစ်ပါတယ်။ အဲဒီတော့ သူ တော်တော်လေး ဝမ်းပျက် နေမကောင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့တလကျော်လောက်က စင်ကာပူမှာ ဆေးပြန်စစ်တော့ အားလုံးကောင်းပါတယ်။ အခု သူလည်း ဝိတ်ပြန်တက်လာတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် နားဖို့ဆိုတာ အန်တီတို့ ရုတ်တရက်ကြီးလုပ်တာ မဟုတ်ပါဘူး။ စောစောကတည်းက ကြိုတင်ပြီးစီစဉ်တာပါ။ အဲဒီလိုစီစဉ်ပြီးနောက်ပိုင်း သူ ဝိတ်ပြန်တက်လာတာ ဟုတ်ပါတယ်။

နောက်သမ္မတ လုပ်မယ့်ပုဂ္ဂိုလ်အတွက်လဲ ၀ိုင်းဝန်းကူညီပေးကြပါလို့ နုတ်ထွက် အနားယူသွားတဲ့ သမ္မတဟောင်း ကတော် ဒေါ်စုစုလွင်က ပြောဆိုပါတယ်။ ဒီနေ့ နေပြည်တော် ပြည်သူ့လွှတ်တော်ထဲ မီဒီယာတွေနဲ့ ခဏတွေ့ဆုံရာမှာ သမ္မတဟောင်း ဦးထင်ကျော် အနားယူတာနဲ့ ပတ်သက်လို့ "ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီလိုနားဖို့ဆိုတာ ရုတ်တရက်ကြီးလုပ်တာ မဟုတ်ပါဘူး၊ စောစောကတည်းက ကြိုတင်ပြီးတော့ စီစဉ်တာပါ"လို့ သူက ဆိုပါတယ်။ ဦးထင်ကျော်အနေနဲ့ သမ္မတသက်တမ်းပြည့် တာဝန်မထမ်းခဲ့တာမို့ သမ္မတ ပင်စင်လစာနဲ့ အဆောင်အယောင်တွေလဲ မရရှိပါဘူး။ ဒါနဲ့ ပတ်သက်လို့ သမ္မတဟောင်း ဦးထင်ကျော်ရဲ့ ဇနီး ဒေါ်စုစုစုလွင်ကတော့ "ဘယ်တုန်းကမှ ပင်စင်အတွက်ပဲ ဖြစ်ဖြစ်၊ ဘာအခွင့်အရေးအတွက်ပဲ ဖြစ်ဖြစ် အန်တီတို့က စဉ်းစားထားတဲ့လူတွေ မဟုတ်ပါဘူး၊ တိုင်းပြည်အတွက် ကိုယ်ဘာပေးနိုင်မလဲပဲ အန်တီတို့ စဉ်းစားပါတယ်၊ တိုင်းပြည်ကနေ အန်တီတို့ ဘာရနိုင်မလဲဆိုတာ တခါမှ စဉ်းစားတဲ့ ကိစ္စမဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော်ဟာ လက်ရှိ အလုပ်တာဝန်တွေကနေ အနားယူလိုတာကြောင့် မတ်လ ၂၁ ရက်နေ့ကစပြီး နိုင်ငံတော်သမ္မတရာထူးမှ နုတ်ထွက်သွားကြောင်း သမ္မတရုံးက မတ်လ ၂၁ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013