DVB Logo
Home
မြန်မာသတင်း
သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း ၂ မျိုး ကြေညာ
DVB
·
March 23, 2018
သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း ၂ မျိုး ကြေညာ
Donate to DVB

သုံးစွဲဖို့မသင့်တဲ့ အလှကုန်ပစ္စည်း ၂ မျိုးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ပြည်တွင်းမှာ ရောင်းချနေတဲ့ အလှကုန်ပစ္စည်းတွေကို စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံ OK Cosmetic Limited က ထုတ်လုပ်တဲ့ O White Whitening Cream နဲ့ တရုတ်ဘာသာနဲ့ဖော်ပြထားတဲ့ YOUDI Brightening Moisturizer Spot Whitening အလှကုန်နှစ်မျိုးဟာ မှတ်ပုံတင်ထားတာ မရှိတဲ့အပြင် ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ တားမြစ်ဓာတုဆေး (မာကျူရီ) ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အများပြည်သူ သုံးစွဲရန်မသင့်ကြောင်း ကြေညာထားတဲ့ အလှကုန်ပစ္စည်းတွေကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ မှတ်ပုံတင်ထားခြင်းမရှိဘဲ အလှကုန်ပစ္စည်း တင်သွင်းဖြန့်ဖြူးရောင်းချတဲ့ ကုမ္ပဏီတွေနဲ့ လက်ကားဆိုင်တွေကို စစ်ဆေးတွေ့ရှိပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေပုဒ်မ ၃၊ အပိုဒ် ၃(ဃ) အရ အရေးယူ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ - FDA

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013