DVB Logo
Home
မြန်မာသတင်း
မြင်းခြံတွင် CP ပြောင်းဆံ ဈေးကောင်းရရှိနေ
DVB
·
March 23, 2018
မြင်းခြံတွင် CP ပြောင်းဆံ ဈေးကောင်းရရှိနေ
Donate to DVB

မန္တ​လေးတိုင်း​ဒေသကြီး၊ မြင်းခြံမြို့နယ်​ရှိ CP ​ပြောင်းဆန် စိုက်​ပျိုးကြတဲ့ ​တောင်​သူအများစုဟာ ဒီနှစ် ​CP ​ပြောင်းဆံ ထွက်​ရှိချိန်​ကစပြီး ​ဈေး​ကောင်း ရရှိနေတယ်​လို့ မြင်းခြံ ကုန်​စည်​ဒိုင်​က ပြောပါတယ်။

မြင်းခြံ ကုန်​စည်​ဒိုင်​မှ အမှု​ဆောင်​ဖြစ်​တဲ့ ဦးဝင်း​မောင်​က “ဒီနှစ်​ CP ​ပြောင်း စိုက်​ပျိုး​တဲ့ ​တောင်​သူ​တွေ သီးနှံစ​ပေါ်ကတည်းက ​ဈေး​ကောင်းရရှိကြတယ်​။ ပြီးခဲ့တဲ့ ဇန်​နဝါရီလထဲက ရွာသွန်းတဲ့ မိုး​ကြောင့် CP ​ပြောင်းစိုက်​ပျိုးတဲ့ ​တောင်​သူ​တွေက ​ရေသွင်းဖို့အတွက် ​သက်​သာသွားခဲ့ပြီး အပင်​ဖြစ်​ထွန်းမှု ပို​​ကောင်း​လာကြတယ်​။ မြင်းခြံမြို့နယ်​က CP ​ပြောင်းဆံ အဓိက ထွက်​ရှိတဲ့​ဒေသလို့လဲ ​ပြောလို့ရပါတယ်​။ မြင်းခြံမြို့နယ်​က ထွက်​ရှိတဲ့ CP ​ပြောင်းဆံက ​ခြောက်​​သွေ့ပြီး မှိုတက်​တာမျိုးမရှိတဲ့အတွက်​ အရည်​အ​သွေးပိုင်းမှာလည်း စိတ်​ချရပါတယ်​။ ပြီး​တော့ ​တောင်​သူ​တွေအတွက်​လည်း အကျိုးရှိတဲ့နှစ်​လို့ ​ပြောလို့ရပါတယ်” ​လို့ ဒီဗွီဘီ ကို ​ပြောပါတယ်​။

မြင်းခြံမြို့နယ်​မှ ထွက်​ရှိတဲ့ CP ​ပြောင်းဆံများကို မန္တလေးမြို့ရှိ ကြက်​စာစပ်​ စက်​ရုံတွေနဲ့ တရုတ်​ပြည်​ဘတ်​ကိုတင်​ပို့ ​ရောင်းချရပြီး ဒီနှစ်​ CP ​ပြောင်း စတင်​​ပေါ်ချိန်​ကစပြီး အမြင့်​​ဈေးနှုန်း ဖြစ်​​နေတာ​ကြောင့် ဝယ်​လက်​တချို့ ​ဝေဖန်​မှု​တွေရှိနေပြီး ပြည်​ပမှ CP ​ပြောင်းဆံတွေ ပြည်​တွင်း​ဈေးကွက်​ကို ဝင်​​ရောက်​လာ​စေဖို့ ဝယ်​လက်​တွေက ဆန္ဒရှိ​နေကြတယ်​လို့ သိရပါတယ်​။

“ပြည်​ပမှ ဝင်​​ရောက်​လာမယ်​ဆိုရင်​ ကျ​နော်​တို့ ​ပြောင်းဆံအသင်းက ကန့်​ကွက်​သွားမှာပါ။ CP ​ပြောင်းစ​ပေါ်တဲ့ အချိန်​ ခုလို ​ဈေးနှုန်းအမြင့် ဖြစ်​တာက ၄ နှစ်​မှ တ​ကြိမ်​​လောက်​ ဖြစ်​တာပါ။ ​တောင်​သူ​တွေအတွက်​လည်း အခွင့်အ​ရေး​ပေးရပါမယ်​” လို့ သူက ဆက်​ပြီး ​ပြောဆိုပါတယ်​။

နတ်​ညွန်း​ကျေးရွာ မှ CP ​ပြောင်း စိုက်​ပျိုးတဲ့ ဦး​ဇော်​​ဇော်​​အောင်​က “ဒီနှစ်​က သီးနှံ စ​ပေါ်ကတည်းက ​ဈေးနှုန်းက မဆိုးဘူး​ပြောလို့ ရပါတယ်​။ ​တောင်​သူ​တွေအတွက်​လည်း ကိုက်​ညီမှု ရှိတာ​ပေါ့။ CP ​ပြောင်း ၁ ဧကကို စိုက်​ပျိုးစရိတ်​ ၄ သိန်း​လောက်​ကုန်​ကျပါတယ်​။ ၁ ဧက စိုက်​ပျိုးရင်​ CP ​ပြောင်းဆံ ပိဿာ ၁၆၀၀ မှ ၂၁၀၀ ​လောက်​ထိ ထွက်​ရှိတော့ ခု ​ဈေးနှုန်းနဲ့ဆို ​တောင်​သူ​တွေ အဆင်​​ပြေကြတာ​ပေါ့။ ဒီလို​ဈေးနှုန်းကလည်း အမြဲမဖြစ်​ပါဘူး။ ၄ နှစ်​မှ တကြိမ်​​လောက်​ ဖြစ်​တာပါလို့ ​ပြောပါတယ်​။

မြင်းခြံမြို့နယ်​ရှိ CP ​ပြောင်း စိုက်​ပျိုးတဲ့ ​တောင်​သူ​တွေဟာ ၂၀၁၆ မှာ ဧရာဝတီ မြစ်​​ရေတက်​​ရောက်​မှု​ကြောင့် ဆုံးရှုံးမှုများရှိခဲ့ပြီး  ၂၀၁၇ မှာ CP ​ပြောင်းဆံ ​စ​ပေါ်ချိန်​က အဖွင့်ဈေးနှုန်း ၁ ပိဿာ ၂၈၀ ကျပ်​နှုန်းသာ ​ရောင်းချခဲ့ရတာပါ။ ၂၀၁၈ ​CP ​ပြောင်းဆံ စ​ပေါ်ချိန်​မှစပြီး အဖွင့်ဈေးနှုန်းက ၁ ပိဿာ ၅၈၀ မှ ၆၀၀ ကျပ်​နဲ့ ​ရောင်းချရတာလည်း ဖြစ်​ပါတယ်​။

မြင်းခြံမြို့ ကုန်​စည်​ဒိုင်​မှာ ​နေ့စဉ်​ CP ​ပြောင်းဆံ ပိသာ ၃၀ ပါ အိတ်ေ​​ရေ ၆၀၀၀ လောက် ​နေ့စဉ်​ ဝင်​​ရောက်​မှု ရှိ​နေတယ်​လို့ မြင်းခြံ ကုန်​စည်​ဒိုင်​က သိရပါတယ်​။

မြင်းခြံမြို့နယ်အတွင်းမှာ သီနှံမျိုးစုံ စိုက်ပျိုးပြီး ပြောင်းကိုတော့ ဧရာဝတီမြစ်ရေ၀င်တဲ့ အရပ်ဒေသတွေမှာ အဓိက စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

သတင်း-ရီရီထွန်း (မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013