DVB Logo
Home
မြန်မာသတင်း
ပစ္စည်းဖိုးနှင့် အလုပ်သမားခ သိန်း ၉၂၀ ကျော်ပေးရန် ငပလီတွင် ဆန္ဒပြတောင်းဆို
DVB
·
March 22, 2018
ပစ္စည်းဖိုးနှင့် အလုပ်သမားခ သိန်း ၉၂၀ ကျော်ပေးရန် ငပလီတွင် ဆန္ဒပြတောင်းဆို
Donate to DVB

 

ရခိုင်ပြည်နယ်၊ သံတွဲမြို့မြို့နယ်၊ ငပလီမြို့မြပြင်ရပ်ကွက် Pristine Mermaid Resort ရှေ့မှာ ဒီနေ့ မနက်က ပစ္စည်းဖိုးနဲ့ အလုပ်သမားခ ရရှိရေးအတွက် အလုပ်သမားတွေ အပါအ၀င် လူ ၂၀ ကျော် ဆန္ဒပြကြပါတယ်။

Pristine Mermaid Resort ဆောက်လုပ်ဖို့အတွက် ဝယ်ယူထားတဲ့ အုပ်၊ သဲ၊ကျောက်၊ သွက်၊ သံ၊ ဘိလပ်မြေ၊ သစ် အပါအဝင် အလုပ်ခကြေးအတွက် စုစုပေါင်းသိန်း ၉၂၀ ကျော်ကို မပေးတဲ့အတွက် ပစ္စည်းရှင်နဲ့ အလုပ်သမား၂၀ကျော်ဟာ ဒီနေ့ မနက်ပိုင်းက ဟိုတယ်ရှေ့မှာ စတင်ဆန္ဒပြနေကြတာပါ။

ဆန္ဒပြရမှာ ပါဝင်သူတဦးဖြစ်တဲ့ ဦးသန်းထွေးက “ကျနော်ရဖို့ဟာ သိန်း ၁၅၀ ကျော်ရှိနေပါတယ်။ တပြားတချက်မှ ကျနော့်ကို မပေးသေးဘူး။ ဒီကြောင့် ဒီဟိုတယ်ကြီးရှေ့ကို လာပြီး ဆန္ဒပြရတာဖြစ်တယ်။ ကျနော့် သူငယ်ချင်းတွေ သိန်းရာချီရဖို့ရှိတယ်။ သဲ၊ မြေ၊ ကျောက်၊ သံတွေအတွက် အပါအဝင် အလုပ်သမားခတွေ တယောက်မှ မရကြသေးဘူး။ ကျနော်တို့ ရပိုင်ခွင့်ကို တပြားတချက်မှ မရတဲ့အတွက် ဆန္ဒပြတာပါ” လို့ပြောပါတယ်။

မြပြင်ရပ်ကွက်မှာရှိတဲ့ Pristine Mermaid Resort ဆောက်လုပ်ဖို့အတွက် ဗိုလ်မှူးဟောင်း ကျော်စွာထွန်းက လုပ်ငန်းရှင်တွေဆီက ဝယ်ယူထားတဲ့ အုပ်၊ သဲ၊ကျောက်၊ သွက်၊ သံ၊ ဘိလပ်မြေ၊ သစ်အတွက် တန်ဖိုးငွေကို ပေးအပ်ခဲ့တာမရှိလို့ ပစ္စည်းရှင်တွေနဲ့ အလုပ်သမားတွေ က ပြောပါတယ်။

ပစ္စည်းဖိုးရရန်ရှိတဲ့ မသက်စုလှိုင်က “ပစ္စည်းတွေ တင်သွင်းတဲ့အခါမှာတော့ တာဝန်ခံ ဦးကြည်ညွန့်နဲ့ ဦးကျော်ထွန်းတို့ ရှိကြပါတယ်။ သူတို့ မပူနဲ့ညီမတို့ ရကြလိမ့်မယ်လို့ပြောတယ်။ အထက်ကငွေမချပေးသေးလို့ ပါလို့ပြောတယ်။ ကျမ ရမှာက သိန်း ၅၃ သိန်းနဲ့ ၇ သောင်းရဖို့ရှိပါတယ်။ အခုအချိန်အထိ မရသေးပါဘူး”လို့ပြောပါတယ်။

၂၀၁၇ နှစ်ကတည်း Pristine Mermaid Resort ကို ဗိုလ်မှူးဟောင်းကျော်စွာထွန်းက တာဝန်ယူဆောက်လုပ်နေတာဖြစ်ပြီး (လက်ရှိ Pristine Mermaid Resort မန်နေဂျာ တာဝန်ကို ယူထား) ပစ္စည်းခနဲ့ အလုပ်သမားခတွေအတွက် ဆန္ဒပြတာဖြစ်ပါတယ်။

Pristine Mermaid Resort ကို တာဝန်ယူဆောက်လုပ်နေတဲ့ ဗိုလ်​မှူး​ဟောင်း ကျော်စွာထွန်းက “ကျနော်တို့ သူတို့နဲ့ မရှိပါဘူး ခင်ဗျ၊ အခုဆန္ဒပြတဲ့လူတွေနဲ့ ကျနော်တို့နဲ့ ငွေပေးငွေယူတခါမှ မလုပ်ဖူးပါဘူး။ ပစ္စည်းအပေးအယူတွေလည်း တခါမှမရှိပါဘူ။ ပစ္စည်း သူတို့ဆီက မမှာဖူးပါဘူး၊မဝယ်ဖူးပါဘူး။ ကျနော်တို့ ၀န်ထမ်းအဆောင်တွေ ဆောက်တဲ့ အခါမှာ ကန်ထရိုက်စနစ်နဲ့ဆောက်ပါတယ်” လို့ ပြောပါတယ်။

ပစ္စည်းရှင်တွေနဲ့အလုပ်သမားတွေက ငွေကြေးရရှိဖို့ သက်ဆိုင်ရာငပလီမြို့က တာဝန်ရှိသူတွေကို စာနဲ့အကြိမ်ကြိမ်တိုင်ကြားခဲ့ပေမယ့် ငွေကြေးပေးအပ်တာ မရှိသေးဘူးလို့ ပစ္စည်းနဲ့အလုပ်သမားတွေပြောပါတယ်။

ငလီမြို့ မြပြင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်က “ကျနော့်ဆီကို ပို့ထားတဲ့ စာရွက်စာတမ်းအရဆိုရင်တော့ လူပေါင်း ၁၆ ယောက်၊ သိန်းပေါင်း ၉၂၀ ကျော်၊ ဒါပေမယ့် တခြားရှိသေးတယ်။ ဥပမာဆိုရင် ရှေ့နားလေးက စားသောက်ဆိုင်တို့ လေး၊ ငါး၊ ခြောက်သိန်း ရမယ်။ အဲ့လိုစသဖြင့် ကျနော်တို့သူငယ်ချင်းတယောက်ဆိုရင် သိန်းပေါင်း၁၀၀ ရာချီရမယ်။ ကျနော်ထင်တယ် သိန်း ၁၀၀၀ ကျော် ပတ်လည်လောက်ရှိမယ်ရမယ့်ဟာက။ ဒါကို ထိထိရောက်ရောက် တရားဝင်ဖြေရှင်းပေးစေချင်တယ်"လို့​ ပြောပါတယ်​။

သတင်း၊ ဓာတ်ပုံ - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013