
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၇,၃၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၇၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၄၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၅,၀၀၀ ပေါက်ဈေးရှိပြီး ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၂,၃၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ငွေကျပ် ၃၇,၄၀၀ ပေါက်ဈေးရှိပြီး ဈေးပြောင်းလဲမှုမရှိပါဘူး။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံအသစ် တအိတ်ကို ၂၆,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၃,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၄,၄၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ကုလားပဲ v2
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၇၂,၅၀၀ ကျပ်ကနေ ငွေကျပ် ၇၃,၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၂,၉၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၆၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
မြေပဲဆံနီ
မြေပဲဆံနီ အများဆုံး ဝင်တဲ့ မုံရွာကုန်စည်ဒိုင်မှာ မြေပဲဆံနီက တပိဿာကို ၂,၂၂၅ ကျပ်ကနေ ၂,၂၇၅ ကျပ် ပေါက်ဈေးရှိပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၂,၂၀၀ ရှိပြီး တပိဿာကို ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာနဲ့ အောင်လံကုန်စည်ဒိုင် တပိဿာကို ၇၅ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ပဲလွန်းပြာ
မုံရွာကုန်စည်ဒိုင်မှာ ပဲလွန်းပြာက တတင်းကို ငွေကျပ် ၁၇,၅၀၀ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တတင်းကို ၁၆,၆၀၀ ကျပ် ပေါက်ဈေးရှိပြီး တတင်းကို ၄၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာနဲ့ ပခုက္ကူကုန်စည်ဒိုင် တတင်းကို ၉၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ပဲဇီးကွက်
မြင်းခြံကုန်စည်ဒိုင်မှာ ပဲဇီးကွက်က တတင်းကို ငွေကျပ် ၂၂,၅၀၀ ပေါက်ဈေး ရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တတင်းကို ၂၃,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တတင်းကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံနဲ့ ပခုက္ကူကုန်စည်ဒိုင် တတင်းကို ၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ဖော်ပြထားတဲ့ သီးနှံတွေထဲက မြေပဲဆံနီကတော့ ဈေးက ကျဆင်းသွားပါတယ်။ ဈေးကွက်ထဲကို ပဲ အဝင်များလာပေမယ့် ဆီစက်တွေက အဝယ်နည်းတဲ့အတွက် လက်ကျန်ပဲတွေ များပြီး ဈေးက ကျဆင်းသွားခဲ့ပါတယ်။ ပန်းတောင်း၊ ကံမ အစရှိတဲ့နေရာတွေက အဓိကဝင်ရောက်ပြီး ကုန်စည်ဒိုင်တွေကို နေ့စဉ် အိတ် ၂၀၀၀ ကျော် ဝင်ရောက်လျက် ရှိပါတယ်။ တပတ်အတွင်း တပိဿာကို ၂၀၀ ကျော် ဈေးကျဆင်းသွားခဲ့ပါတယ်။
အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA











