DVB Logo
Home
မြန်မာသတင်း
"မြန်မာ့ရုပ်ရှင် တခေတ်ဆန်းချိန် ရောက်ပြီလား" DVB Debate (ရုပ်သံအပြည့်အစုံ)
DVB
·
March 22, 2018
"မြန်မာ့ရုပ်ရှင် တခေတ်ဆန်းချိန် ရောက်ပြီလား" DVB Debate (ရုပ်သံအပြည့်အစုံ)
Donate to DVB

"မြန်မာ့ရုပ်ရှင် တခေတ်ဆန်းချိန် ရောက်ပြီလား" ဆိုတဲ့ခေါင်းစဉ်နဲ့ ရုပ်ရှင်အကယ်ဒမီကိစ္စ အပါအ၀င် ယနေ့မြန်မာပြည်ရဲ့ ရုပ်ရှင်လောကအခြေအနေနဲ့ ပတ်သက်ပြီး DVB Debate ရုပ်သံအစီအစဉ်မှာ ဆွေးနွေးထားကြပါတယ်။

ပါဝင်ဆွေးနွေးခဲ့သူတဦးဖြစ်တဲ့ ဒါရိုက်တာ ကြည်စိုးထွန်းကတော့ အကယ်ဒမီနဲ့ ပတ်သက်ပြီး “အကဲခတ်ဖြတ်အဖွဲ့ဝင်တွေရဲ့ ဒုက္ခကိုပြောပြချင်တယ်။ အကယ်ဒမီအတွက် ၅၃ ကားကို မပြည့်ပြည့်အောင်ကြည့်ရတာ။ စိတ်ကလည်း မရှည်ဘူး။ ဒေါသလည်းထွက်နေပြီ။ ဒါပေမယ့် တာဝန်ကလည်း ရှိနေတယ်။ မပြီးပြီးအောင်ကြည့်ရတာ။ နောက်ပိုင်းကောင်းနိုး နောက်ပိုင်းကောင်းနိုးနဲ့ ထပြန်လို့ကလည်း မရဘူး။ စိတ်ထဲ ဒီကောင်တွေက တော်တော်ရက်စက် တဲ့ကောင်တွေ၊ အသုံးမကျတဲ့ကောင်တွေဆိုပြီး အဲဒီလောက်ထိ ဖြစ်ပါတယ်။ စော်ကားတယ်လို့ ခံစားရတယ်။ ဒီအရွယ်ကြီးရောက်မှ ဂျင်းထည့်ခံရတယ်”လို့ပြောပါတယ်။

အလားတူ အာကာရုပ်ရှင်ထုတ်လုပ်ရေးက ဒါရိုက်တာ အာကာကလည်း “ပေါကားထက်စာရင် ကျနော်ကတော့ ဂျင်းကားလို့ပြောချင်တယ်။ ပရိသတ်ကို ဂျင်းထည့်တာ။ နိုင်ငံတိုင်းမှာ ဟာသကားဆိုတာကရှိတယ်။ ဒါပေမယ့် ဟာသကားကို Quality အရည်အသွေးကောင်းကောင်း ရိုက်လို့ရတယ်။ ဂျင်းကားဆိုတာ ကတော့ ဖြစ်သလိုရိုက်ပြီးပိုက်ဆံရှာတဲ့ကား။ အမြတ်အစွန်းအဓိ ကထားတဲ့ ကားတွေပဲ။”လို့ဝေဖန်ပါတယ်။

အကယ်ဒမီဆွေဇင်ထိုက်ကတော့ ပြုပြင်သင့်တာတွေနဲ့ပတ်သက်ပြီး “ရိုက်တဲ့လူကလည်း ကြည့်တဲ့သူများတဲ့ဇာတ်လမ်းအမျိုးအစားကို ရိုက်ပါတယ်။ ကြည့်တဲ့သူကလည်းပဲ တနေ့တာ မှာပင်ပမ်းနေရတဲ့ ဒုက္ခတွေကနေ နှစ်နာရီလောက်လွတ်ပါစေတော့ဆိုတဲ့ ဖျော်ဖြေမှု (Entertainment ) အနေနဲ့ ကြည့်တာပါ။ အဲဒီစိတ်နေသဘာဝ (Attitude ) ကို ကျမတို့ ပြင်ရမှာဖြစ်တယ်။”လို့ပြောပါတယ်။

ပါဝင်ဆွေးနွေးသူတဦးဖြစ်တဲ့ ဒါရိုက်တာ ဇေပါကတော့ အနုပညာပြဖို့အတွက်က ထုတ်လုပ်သူလည်းလိုတဲ့အကြောင်းနဲ့ ထုတ်လုပ်သူရဲ့အကြိုက်လည်း အနည်းနဲ့အများ လိုက်ကြရတာလည်းရှိတယ်လို့ပြောဆိုဆွေးနွေးသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013