DVB Logo
Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည် မဟာချိုင်တွင် မြန်မာအလုပ်သမား​များ​နှင့်​ ​တွေ့​မည်
DVB
·
May 29, 2012
Donate to DVB

ကမ္ဘာ့​စီး​ပွား​ရေး​ဖိုရမ်တက်ဖို့​ထိုင်း​နိုင်ငံ ဘန်​ကောက်မြို့​ကို လာ​ရောက်မယ့်​ မြန်မာ့​ဒီမို က​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ကို ထိုင်း​နိုင်ငံ​ရောက် မြန်မာ​ရွှေ့​ပြောင်း​ အလုပ်သမား​တွေကလည်း​ ကြိုဆို​တွေ့​ဆုံဖို့​ ပြင်ဆင်​နေတယ်လို့​အလုပ်သမား​အဖွဲ့​တွေက ​ပြောပါတယ်။

အလုပ်သမား​တွေနဲ့​ ​တွေ့​ဆုံမယ့်​ ကိစ္စနဲ့​ပတ်သက်ပြီး​ ​ဒေါ်​အောင် ဆန်း​စုကြည်ရဲ့​လုံခြုံ​ရေး​အရာရှိ ဦး​ခွန်သာမြင့်​က စမွတ်စခွန်ခရိုင် (မဟာချိုင်​ဒေသ) က အလုပ်သမား​အဖွဲ့​အစည်း​တွေနဲ့​ လာ​ရောက်​ဆွေး​နွေး​ခဲ့​ပြီး​ စီစဉ်ခဲ့​တယ်လို့​ ​ရွှေ့​ပြောင်း​အလုပ်သမား​ အခွင့်​အ​ရေး​ကွန်ရက် ဥက္ကဋ္ဌ ဦး​အောင်​ကျော်က ဒီဗွီဘီကို ​ပြောပြခဲ့​ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဗုဒ္ဓဟူး​နေ့​ မနက် ၈ နာရီခွဲ​လောက်မှာ မဟာချိုင်က ယာယီ အလုပ်သမား​ပတ်စပို့​ ထုတ်​ပေး​မှုကို ​လေ့​လာပြီး​ မြန်မာအလုပ်သမား​တွေ အများ​အပြား​ အလုပ်လုပ်​နေတဲ့​ မဟာချိုင် သလာကွန်း​ ပုစွန်​ဈေး​နဲ့​ အလုပ်သမား​အဖွဲ့​အစည်း​တချို့​ကို သွား​ရောက် ​လေ့​လာဖို့​ စီစဉ်ထား​တယ်လို့​သိရပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဘန်​ကောက်မှာ ကျင်း​ပမယ့်​ အ​ရှေ့​အာရှဆိုင်ရာ ကမ္ဘာ့​စီး​ ပွား​ရေး​ ဖိုရမ်ကိုတက်ဖို့​ ထိုင်း​နိုင်ငံကို ​ရောက်ရှိလာတာဖြစ်ပြီး​ အစည်း​အ​ဝေး​ ​နောက်ဆုံး​နေ့​ဖြစ်တဲ့​ ဇွန် ၁ ရက်​နေ့​မှာ One - on - One အ​မေး​အ​ဖြေကဏ္ဍ မိနစ် ၃၀ ကြာ စကား​ပြောဖို့​အစီအစဉ်ရှိပါတယ်။

ဒီက​နေ့​ ည​နေပိုင်း​မှာ ရန်ကုန်က​နေ ဘန်​ကောက်ကို ထိုင်း​လေ​ကြောင်း​လိုင်း​ (တီဂျီ) နဲ့​ ​ရောက်ရှိလာမှာဖြစ်ပြီ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​အတူ လွှတ်​တော်ကိုယ်စား​ လှယ် ​ဒေါ်စန္ဒာမင်း​၊​ ကိုယ်​ရေး​အရာရှိ ​ဒေါက်တာ ဇင်မာ​အောင်၊​ လုံခြုံ​ရေး​ ဦး​စိုး​ဝင်း​တို့​လည်း​ လိုက်ပါလာဖို့​ရှိ​နေပါတယ်။

ဇွန် ၂ ရက်​နေ့​မှာ​တော့​ ထိုင်း​-မြန်မာနယ်စပ်က အကြီး​ဆုံး​ဒုက္ခသည်စခန်း​ တခုဖြစ်တဲ့​ မယ်လဒုက္ခသည်စခန်း​နဲ့​ ​ဒေါက်တာ စင်သီယာ​မောင်ရဲ့​ မယ်​တော်​ဆေး​ခန်း​ကို သွား​ရောက်ဖို့​ရှိပြီး​ နယ်စပ်က တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေနဲ့​လည်း​ ​တွေ့​ဆုံဖို့​ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013