ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌသစ်အဖြစ် ဦးထွန်းထွန်းဟိန်ကို ရွေးကောက်တင်မြှောက်

ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကို လွှတ်တော်ကိုယ်စားလှယ် အများစုရဲ့မဲဆန္ဒနဲ့ ရွေးကောက်တင်မြှောက်လိုက် ပါတယ်။
ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ် ဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်ခံရတဲ့ အတွက် လစ်လပ်သွားတဲ့ ဒုဥက္ကဋ္ဌနေရာကို ဒီကနေ့ မတ်လ ၂၂ ရက်မနက် ပြည်သူ့လွှတ်တော်မှာ မဲပေးရွေးချယ် ရွေးကောက် တင်မြှောက်လိုက်တာပါ။
ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌလောင်းတွေအဖြစ် အန်အယ်လ်ဒီ နောင်ချိုအမတ် ဦးထွန်းထွန်းဟိန်နဲ့ မိတ္တီလာအမတ် ဒေါက်တာမောင်သင်းတို့ကို ခန့်အပ်ဖို့ ဒီနေ့မနက် ပြည်သူ့လွှတ်တော်မှာ အမည်စာရင်းတင်သွင်းပြီး လျှို့ဝှက်မဲစနစ်နဲ့ရွေးချယ်ခဲ့တာပါ။
မဲခွဲရမှာ ဦးထွန်းထွန်းဟိန်က ၂၇၀ ထောက်ခံမဲ၊ ကန့်ကွက်မဲ ၁၃၃မဲရပြီး ဒေါက်တာမောင်သင်းက ထောက်ခံမဲ ၁၄၃ မဲ၊ ကန့်ကွက်မဲ ၂၆၂မဲ ရတဲ့အတွက် ဦးထွန်းထွန်းဟိန်ကို ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်လိုက်တာပါ။











