ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ်အဖြစ် ဦးတီခွန်မြတ်ကို ရွေးကောက်တင်မြှောက်

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရာထူးတာဝန်ကနေ နုတ်ထွက်သွားတဲ့ ဦးဝင်းမြင့်ရဲ့နေရာမှာ ဦးတီခွန်မြတ်ကို ဒီကနေ့ မတ်လ ၂၂ ရက်မနက် ပြည်သူ့လွှတ်တော်မှာ မဲပေးရွေးချယ် ရွေးကောက် တင်မြှောက်လိုက်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌလောင်းအဖြစ် ကွတ်ခိုင်အမတ် ဦးတီခွန်မြတ်နဲ့ ပျော်ဘွယ်အမတ် ဦးသောင်းအေးတို့ကို ခန့်အပ်ဖို့ ဒီနေ့မနက် ပြည်သူ့လွှတ်တော်မှာ အမည်စာရင်တင်သွင်းပြိး လျှို့ဝှက်မဲစနစ်နဲ့ရွေးချယ်ခဲ့တာပါ။
မဲခွဲရမှာ ဦးတီခွန်မြတ်က ထောက်ခံမဲ ၂၈၀ရပြီး ဦးသောင်းအေးက ထောက်ခံမဲ ၁၄၁ မဲ ရတဲ့အတွက် ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်လိုက်တာပါ။











