DVB Logo
Home
မြန်မာသတင်း
‘ဒုဋ္ဌဝတီကိုလွန်၍’ သည်းထိတ်ရင်ဖိုရုပ်ရှင်ဇာတ်ကား မိတ်ဆက်
DVB
·
March 22, 2018
‘ဒုဋ္ဌဝတီကိုလွန်၍’ သည်းထိတ်ရင်ဖိုရုပ်ရှင်ဇာတ်ကား မိတ်ဆက်
1 / 4
Donate to DVB

‘ဒုဋ္ဌဝတီကို လွန်၍’ လို့ အမည်ပေးထားတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကား အပါအဝင် ရုပ်ရှင်ဇာတ်ကား ၄ ကား မိတ်ဆက်ပွဲကို မတ်လ ၂၁ ရက်က ရန်ကုန်မြို့၊ Novotel ဟိုတယ်မှာ ကျင်းပပါတယ်။

ဒီ’ဒုဋ္ဌဝတီကို လွန်၍’ ရုပ်ရှင်ဇာတ်ကားကို နိုင်ငံခြားရုပ်ရှင်ဆန်ဆန်၊ အပစ်အခတ် ဇာတ်ဝင်ခန်းတွေအပြင် ကွန်ပျူတာ အထူးပြုလုပ်ချက်တွေ၊ အသံအထူးပြုလုပ်ချက်တွေနဲ့ ဆန်းပြားတဲ့ ကင်မရာ ရိုက်ချက်တွေနဲ့ ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။

၃ လကျော်ကြာ အချိန်ပေး ရိုက်ကူးခဲ့တဲ့ ဒီရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်ခန်းအချို့ကို ရိုက်ကူးရာမှာ သရုပ်ဆောင်တွေအနေနဲ့လည်း အသက်အန္တရာယ်များတဲ့ အထူးပြုလုပ်ချက်တွေနဲ့ သရုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီဇာတ်ကားကို မေလအတွင်းမှာ ရုံတင်ပြသသွားမှာဖြစ်ပြီး အာရှနိုင်ငံတွေမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာလည်း ပြသသွားမယ်လို့ သိရပါတယ်။

‘ဒုဋ္ဌဝတီကို လွန်၍’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို Golden Hour Entertainment ထုတ်လုပ်ဖြန့်ချိမှာဖြစ်ပြီး သရုပ်ဆောင် နိုင်းနိုင်း အမွန်း၊ ဆန်းထွဋ်၊ ဇော်ဇော်အောင်၊ နော်အောင်တို့ ပါဝင် သရုပ်ဆောင်ထားကြတာပါတယ်။

မျက်နှာသစ် လူငယ်ဒါရိုက်တာ တယောက်အနေနဲ လူတချို့ရဲ့ အထင်သေးတဲ့ဒဏ်ကို ရင်ဆိုင်ခဲ့ရတာကြောင့် ပရိသတ်ရှေ့မှောက် အကောင်းဆုံးချပြနိုင်အောင် ရိုက်ကူး ပုံဖော်ထားတယ်လို့ ဒါရိုက်တာ အာကာက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013