DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူများ၏ မိုင် ၈၅၀ ကျော် ငြိမ်းချမ်းရေးတွဲလက်များ ၀ှီးချဲခရီးစဉ် မြိတ်မြို့ရောက်ရှိ
DVB
·
March 22, 2018
မသန်စွမ်းသူများ၏ မိုင် ၈၅၀ ကျော် ငြိမ်းချမ်းရေးတွဲလက်များ ၀ှီးချဲခရီးစဉ် မြိတ်မြို့ရောက်ရှိ
Donate to DVB

မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းအဖွဲ့တွေဦးဆောင်ပြီး နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုပိုင်ရှင် မသန်စွမ်းတွေ၊ ခ၀ဲခြံမှမျက်မမြင်အဆိုရှင်တွေပါဝင်တဲ့ ငြိမ်းချမ်းရေးတွဲလက်များ ၀ှီးချဲရထားအစီအစဉ်ဟာ မြိတ်မြို့ကို ရောက်ရှိလာပါတယ်။

ငြိမ်းချမ်းရေးတွဲလက်များ ၀ှီးချဲရထား အစီအစဉ်မှာ ကော့သောင်းမြို့ကနေ ရန်ကုန်မြို့အထိ မိုင် ၈၅၀ ကျော်ခရီးနှင်နေပြီး လမ်းတလျောက် ငြိမ်းချမ်းရေးဆန္ဒပြုလက်မှတ်တွေ ကောက်ယူနေတာပါ။ တနင်္သာရီ၊ မွန်၊ ကရင်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးကနေ ရန်ကုန်တိုင်းဒေသကြီးအ စိုးရအဖွဲ့ရုံးမှာ ပန်းဝင်မှာဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ ၂၆ ရက်ကြာမှာဖြစ်ပြီး ၂၁ မြို့ကို ၀င်မှာ ဖြစ်ပါတယ်။

မြိတ်မြို့ကို မတ် ၂၁ ရက်နေ့က ရောက်ရှိလာတဲ့  ငြိမ်းချမ်းရေးတွဲလက်များ ၀ှီးချဲရထားအစီအစဉ်အဖွဲ့မှာ မသန်စွမ်းဝှီးချဲခရီးသွား ၁၀ ဦးပါဝင်ကာ ကော့သောင်းမြို့ကနေ မတ် ၁၉ ရက်နေ့မှာ ထွက်ခွာလာတာပါ။

မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဆရာဦးသိန်းလွင်က “ကျနော်တို့အားလုံး နိုင်ငံသားတွေဖြစ်တယ်။ အဲဒီတော့ အသိစိတ်၊ တာဝန်သိစိတ်အရ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် မသန်စွမ်းတဲ့သူတွေလည်း တတပ်တအားပါဝင်မယ်ဆိုပြီး ဆောင်ရွက်ကြတာဖြစ်တယ်။ အပစ်အခတ်တိုက်ခိုက်တာတွေ ရပ်ဆိုင်းဖို့၊ စားပွဲဝိုင်းမှာ ဆွေးနွေးဖို့ လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး တဦးနဲ့တဦးခွင့်လွတ်ကြဖို့ တိုက်တွန်းမယ်။ ငြိမ်းချမ်းရေးအတွက် လူမျိုးမရွေး၊ ဘာသာမရွေးစိမ့်ဝင်ပျံ့နှံ့ဖို့ အဓိကရည်ရွယ်တာပါ။ ခရီးစဉ်တလျောက်မှာ သုံးထားတဲ့ ဆောင်ပုဒ်က ‘တို့လိုချင်တဲ့ငြိမ်းချမ်းရေး နုတ်ကဖွင့်ဟပြောကြားပေး’ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ညပိုင်းမှာ တေးဂီတတွေနဲ့ သီဆိုဖျော်ဖြေပေးခဲ့ပြီး ပြည်သူတွေထံက ငြိမ်းချမ်းရေးဆန္ဒပြုလက်မှတ်တွေ ကောက်ယူခဲ့တယ်လို့သိရပါတယ်။

ပြည်သူ့ဆန္ဒနဲ့ ကောက်ယူရရှိတဲ့ လက်မှတ်တွေကို တတိယအကြိမ် ပင်လုံညီလာခံမှာ တင်သွင်းသွားမယ်လို့ သိရပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013