DVB Logo
Home
မြန်မာသတင်း
လူ ၈ ဦး သေဆုံးခဲ့သည့် ကားမီးလောင်မှုတွင် တရားခံကိုထောင် ၁၂ နှစ် အမိန့်ချမှတ်
DVB
·
March 21, 2018
လူ ၈ ဦး သေဆုံးခဲ့သည့် ကားမီးလောင်မှုတွင် တရားခံကိုထောင် ၁၂ နှစ် အမိန့်ချမှတ်
Donate to DVB

ပြီးခဲ့တဲ့နှစ်က လူ ၈ ဦးသေဆုံးခဲ့ရတဲ့ အံစာတုံးကားမီးလောင်မှုမှာ တရားစွဲခံထားရတဲ့ အောင်ခန့်ကို လှည်းကူးမြို့နယ်တရားရုံးက မတ်လ ၂၁ ရက်နေ့မှာ ထောင်ဒဏ် ၁၂ နှစ် အမိန့်ချလိုက်ပါတယ်။

၂၀၁၇ ဇန်နဝါရီ၂၁ ရက်က ရန်ကုန် - မန္တလေး အမြန်လမ်းမိုင်တိုင်၎/၂မှာ ဖြစ်ပွားခဲ့တဲ့ ဟိုက်အေ့စ် (အံစာတုံး) ကားမီးလောင်ရာက ယာဉ်ပေါ်ပါ ၈ ဦး သေဆုံးခဲ့ပြီး ယာဉ်မောင်းအောင်ခန့် ဆိုသူတစ်ဦးတည်းပဲ အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး ယာဉ်မောင်းခဲ့သူ အောင်ခန့်ကို လှည်းကူးမြို့နယ်တရားရုံးက ပုဒ်မ ၃၀၄ က အပါအဝင် ပုဒ်မ၃ခုနဲ့ ဖေဖော်ဝါရီလ ၂၁ရက်နေ့ကစပြီး စစ်ဆေးခဲ့ပါတယ်။

အဲဒီ့နောက် ၂၀၁၇ ဒီဇင်ဘာ၂၉ ရက်နေ့မှာ ပုဒ်မ ၃၀၄ က အပါအဝင် ပုဒ်မ ၃ ခုနဲ့ စွဲချက်တင်အမိန့်ချခဲ့ပြီး အမှုကိုဆက်လက်ကာ ၃ လလောက်အကြာမှာ အမိန့်ချခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013