DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် ဓာတ်အားခွဲရုံသစ်တည်ဆောက်၊ ရွာပေါင်း ၈၈ ရွာ လျှပ်စစ်မီးရရှိမည်
DVB
·
March 21, 2018
မကွေးတိုင်းတွင် ဓာတ်အားခွဲရုံသစ်တည်ဆောက်၊ ရွာပေါင်း ၈၈ ရွာ လျှပ်စစ်မီးရရှိမည်
Donate to DVB

 

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်နဲ့ နတ်မောက်မြို့နယ်အတွက် ဓာတ်အားခွဲရုံသစ် တည်ဆောက်ပြီး ကျေးရွာပေါင်း ၈၈ ရွာ လျှပ်စစ်မီး ရရှိတော့မယ်လို့သိရပါတယ်။

မြို့သစ်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးမောင်မောင်ဦးက“မြို့သစ်မြို့နယ် တလုပ်ပင် ကျေးရွာအုပ်စု ကံကြီးရွာအနီးမှာ 66/11 KV 5 MVA ဓာတ်အားခွဲရုံတခု တည်ဆောက်နေပြီး လက်ရှိ မြို့သစ်မြို့နယ်နဲ့ နတ်မောက်မြို့နယ်တွေမှာ တောင်တွင်းကြီးမြို့ ဓာတ်အားခွဲရုံမှ 11 KV ဓာတ်အားလိုင်း ၂၈ မိုင် တည်ဆောက်ကာ ဓာတ်အားရယူ သုံးစွဲနေပါတယ်။ တောင်တွင်းကြီးမြို့၊ မြို့သစ်မြို့ နတ်မောက်မြို့တွေကို ဓာတ်အားဖြန့်ဖြူးထားတဲ့ 66/11 KV 10 MVA ထရန်စဖော်မာမှာ ခံနိုင်ဝန်မရှိတော့တဲ့အပြင် 11 KV ဓာတ်အားလိုင်း ရှည်လျားမှုကြောင့် ဗို့အားကျဆင်းတာတွေ ဖြစ်ပေါ်နေပြီး အချို့နေရာတွေ မှာ 70V၊  80V လောက်အထိ ကျဆင်းနေပါတယ်။ အဲဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် မြို့သစ်မြို့မှာ ဓာတ်အားခွဲရုံအသစ် ၁ ခု စီစဉ်တည်ဆောက်ရတာဖြစ်ပြီး လာမယ့် ဧပြီလကုန်မှာ စတင်လျှပ်စစ်မီး ဖြန့်ဖြူးနိုင်တော့မယ်”လို့ပြောပါတယ်။

ဓာတ်အားခွဲရုံအသစ် တည်ဆောက်ဖို့အတွက် တောင်တွင်းကြီး ဓာတ်အားခွဲရုံမှ 66 KV လိုင်း၁၇ ဒသမ ၅ မိုင် တည်ဆောက်ပြီး မြို့သစ်မြို့နယ် ကံကြီးကျေးရွာအနီး မြို့သစ်- နတ်မောက် ကားလမ်း မိုင်တိုင်အမှတ် ၁၇.၆ မှာ 66/11 KV 5 MVA ဓာတ်အားခွဲရုံအသစ် (၁) ခု တည်ဆောက်ပြီး ၄င်းခွဲရုံအသစ်မှ 11 KV လိုင်းနဲ့ မြို့သစ်မြို့ (၁) ဖီဒါ၊ နတ်မောက်မြို့ (၁) ဖီဒါအတွက် (၂) ဖီဒါ ခွဲရုံဓာတ်အားနဲ့ ဖြန့်ဖြူးသွားမှာ ဖြစ်တယ်။

မြို့သစ်မြို့နယ်မှာ ဓာတ်အားခွဲရုံအသစ် ပြီးစီးသွားပါက လက်ရှိ မြို့သစ်မြို့နယ်- နတ်မောက်မြို့နယ် ကျေးရွာပေါင်း ၂၂ ရွာအပြင် N.E.P အစီအစဉ်အရ မီးလင်းမယ့် ကျေးရွာတွေကိုလည်း ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးနိုင်တော့မှာဖြစ်ပါတယ်။

မြို့သစ်မြို့နယ်ထဲမှာပဲ N.E.P စီမံချက်အရ (11) KV လိုင်း (၂) မိုင်အတွင်း (၄၄) ရွာ အိမ်ထောင်စုပေါင်း (၈၅၄၅) စု (၅) မိုင်အတွင်း ရွာ (၁၈) ရွာ အိမ်ထောင်စုပေါင်း (၃၄၅၈) အိမ်စု စုစုပေါင်း (၆၂) ရွာအိမ်ထောင်စုပေါင်း ၁၅၄၅၃ အိမ်စုထိ တိုးချဲ့ဓာတ်အား ပေးနိုင်ရုံမက နတ်မောက်မြို့နယ်အတွင်းရှိ N.E.P စီမံချက်ပါ ကျေးရွာတွေကိုလည်း တိုးချဲ့ဓာတ်အား ဖြန့်ဖြူးသွားနိုင်တော့မယ်လို့သိရပါတယ်။

မြို့သစ်မြို့နယ် ဓာတ်အားခွဲရုံအသစ် တည်ဆောက်ဖို့အတွက် ၄.၆၉ ဧကအကျယ်အဝန်း မြေနေရာကိုဝယ်ယူပြီး တည်ဆောက်ရေးလုပ်ငန်း ၂၀၁၈ ဧပြီလ လကုန်ရက်မှာ ပြီးစီးဓာတ်အား ဖြန့်ဖြူးနိုင်တော့မှာ ဖြစ်ပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013