DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင် နေထိုင်ခဲ့ကြောင်း စိစစ်တွေ့ရှိသူ ၅၅၀ ကျော်ကို ပြန်လက်ခံရန်အသင့်ရှိနေ
DVB
·
March 21, 2018
မြန်မာပြည်တွင် နေထိုင်ခဲ့ကြောင်း စိစစ်တွေ့ရှိသူ ၅၅၀ ကျော်ကို ပြန်လက်ခံရန်အသင့်ရှိနေ
Donate to DVB

 

ရခိုင်ပြည်နယ်ကနေ တဖက်နိုင်ငံကို ထွက်ပြေးသွားသူတွေထဲက မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ကြောင်း စိစစ်တွေ့ရှိရသူ ၅၅၆ ဦးရှိပြီး အဲ့ဒီသူတွေကို ဘင်္ဂလားဒေ့ရှ်ဘက်က လွှဲပြောင်းပေးလာရင် မြန်မာဘက်က လက်ခံဖို့ အသင့်ပဲလို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားသူတွေအနက်က အိမ်ထောင်စု ၁၆၇၃ စု၊ လူဦးရေ ၈၀၃၂ ဦးရဲ့ အချက်အလက်တွေကို  ဘင်္ဂလားဒေ့ရှ်က ဖေဖော်ဝါရီလအတွင်း ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ လူဦးရေ ၈၀၀၀ ကျော်ကို မြန်မာအစိုးရက စိစစ်ခဲ့ရာမှာ မတ်လ ၁၉ ရက်အထိ လူ ၅၅၀ ကျော်ပဲ နေထိုင်ခဲ့ကြောင်း စိစစ်တွေ့ရှိခဲ့တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့ခဲ့တဲ့ပုံစံတွေ ဟာ နှစ်နိုင်ငံလုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်တွေ သဘောတူထားတဲ့ ပုံစံမဟုတ်လို့ နေထိုင်ခဲ့ခြင်း ရှိ/မရှိ စိစစ်ရာမှာ အခက်အခဲများစွာ တွေ့ကြုံနေရတယ်လို့ဆိုပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသက နေရပ်စွန့်ခွာ တိမ်းရှောင်သူတွေ ပြန်လည် လက်ခံရေးအတွက် မြန်မာနိုင်ငံဘက်မှာ တောင်ပြိုလက်ဝဲ စိစစ်ပြန်လည် လက်ခံရေးစခန်း၊ ငါးခူရ စိစစ်ပြန်လည်လက်ခံရေးစခန်းနဲ့  ယာယီနေထိုင်မယ့် လှဖိုးခေါင်ကြားစခန်းတို့ ဖွင့်လှစ်ပြီး ပြန်လည်လက်ခံရေး ဆောင်ရွက်နေပါတယ်။

ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာသွားသူတွေကို ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး မြန်မာ- ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် သဘောတူညီချက်ကို ၂၀၁၇ နိုဝင်ဘာ ၂၃ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပြီး သဘောတူညီချက်အတိုင်း အကောင်အထည်ဖော်နိုင်ရေးအတွက် ပြန်လည်လက်ခံရေး ပူးတွဲလုပ်ငန်းအဖွဲ့ကိုလည်း  ဖွဲ့စည်းခဲ့ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013