DVB Logo
Home
မြန်မာသတင်း
လင်းမယားချင်းစကားများကြရာမှ ဇနီးဖြစ်သူ၏လက်ချက်ဖြင့် လင်ယောင်္ကျားသေဆုံး
DVB
·
March 21, 2018
လင်းမယားချင်းစကားများကြရာမှ ဇနီးဖြစ်သူ၏လက်ချက်ဖြင့် လင်ယောင်္ကျားသေဆုံး
Donate to DVB

 

ရန်ကုန်မြို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာ လင်းမယားချင်းစကားများရာက ဇနီးဖြစ်သူက ခင်ပွန်းသည်ကို ရိုက်နှက်တဲ့အတွက် သေဆုံးသွားတယ်လို့ ရန်ကုန် ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မတ် ၂၁ ရက် မနက် ၄ နာရီခွဲက ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေဟာ လှည့်ကင်းဆောင်ရွက်နေစဉ် အမှတ်(၅၄)ရပ်ကွက်၊ လှော်ကားလမ်းပေါ် အမျိုးသားတစ်ဦးနဲ့  အမျိုးသမီးတစ်ဦးတို့ ခိုက်ရန်ဖြစ်ပွားနေတဲ့ သတင်းအရ သွားရောက်ခဲ့ရာမှာ လှော်ကားလမ်းပေါ်မှာ အသက် ၃၅ နှစ်အရွယ် စိုးသူအောင် (ခ)ကုလားကြီး လဲကျသေဆုံးနေပြီး ဘေးမှာ ဇနီးဖြစ်သူ မခင်မျိုးကြည်(ခ) မခင်နှင်းအိအိပို (၃၂)နှစ်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

မခင်မျိုးကြည်မှာ နေအိမ်သို့ပြန်လာစဉ် ခင်ပွန်းဖြစ်သူကို နေအိမ်ရှေ့ လမ်းပေါ်မှာ တွေ့ဆုံခဲ့ပြီး အရက်သောက်လာတဲ့ကိစ္စ စကားများကြရာမှ ခင်ပွန်းက လက်နဲ့ရိုက်ခဲ့တဲ့အတွက် ခင်ပွန်းဖြစ်သူကို ရင်ဘက်ကိုဆောင့်တွန်း လဲကျသွားစဉ် ရင်ဘက်ပေါ်တက်ခွပြီး ချည်လွယ်အိတ်ကြိုးနဲ့ လည်ပင်းကိုရစ်ပတ်ကာ ကတ္တရာလမ်းနဲ့ ဆောင့်ခဲ့တာကြောင့် သေဆုံးသွားခဲ့တာလို့ ထုတ်ပြန်ပါတယ်။

ပြစ်မှုကျူးလွန်သူ မခင်မျိုးကြည်(ခ) မခင်နှင်းအိအိပိုကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်း(ပ) ၆၃၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013