DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
March 21, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၈,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၄၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၄၃,၀၀၀ ကျပ်ကနေ ၄၅,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၃,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၃,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ၃၇,၄၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံအသစ် တအိတ်ကို ၂၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၄,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၃,၄၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲလွန်းဖြူ
ရန်ကုန် ကုန်စည်ဒိုင်မှာ ပဲလွန်းဖြူက တအိတ်ကို ၆၃,၉၀၀ ကျပ်ကနေ ငွေကျပ် ၇၄,၁၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၇၇,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၂,၉၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲကြီး(ရွှေကျွန်း)
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲကြီး(ရွှေကျွန်း)က တအိတ်ကို ငွေကျပ် ၁၁၃,၀၀၀ ကနေ ၁၁၅,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။  ပဲကြီးအ များဆုံးထွက်ရှိတဲ့ အောင်လံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၆,၀၀၀ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက တအိတ်ကို ၉၉,၀၀၀ ကျပ် ရှိပါတယ်။ သုံးရက်အတွင်း တအိတ်ကို ၁၅,၀၀၀ ကျပ် ဈေးကျဆင်းသွားခဲ့ပါတယ်။ မန္တလေးနဲ့ အောင်လံ ကုန်စည်ဒိုင် တအိတ်ကို ၁၁,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းညို
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းညိုက ၄၅ ပိဿာဝင် တအိတ်ကို ငွေကျပ် ၁၀၆,၀၀၀ ကနေ ၁၁၀,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၉၉,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၁,၂၅၀ ပေါက်ဈေးရှိပြီး မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၈,၇၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကြက်သွန်နီ
ကြက်သွန်နီ အများဆုံးထွက်ရှိတဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီက တပိဿာကို ၁၀၀ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက တပိဿာကို ၃၀၀ ကျပ်ကနေ ၆၅၀ ကျပ် ရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၃၀၀ ကျပ်ကနေ ၇၅၀ ကျပ်ရှိပြီး ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၁၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြပါသီးနှံတွေထဲက ကြက်သွန်နီကတော့ ဈေးကျဆင်းသွားပါတယ်။ မိုးကြက်သွန်နီတွေ ဈေးကွက်မှာ မရှိတော့ဘဲ ဆောင်းကြက်သွန်နီတွေက ဆိပ်ဖြူ၊ ရေစကြို၊ အောင်လံ၊ မကွေး အစရှိတဲ့ ဒေသတွေကနေ တနေ့ကို အိတ် ၁၀၀၀ နီးပါး ကုန်စည်ဒိုင်တွေကို ဝင်ရောက်တဲ့အတွက်  ဆက်တိုက် ဈေးက ကျဆင်းနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးက ကျဆင်းနေပြီး တပတ်အတွင်း တပိဿာကို ၁၅၀ ကျပ်ကျော် ဈေးက ကျဆင်းခဲ့ပါတယ်။

နောက်သီးနှံဖြစ်တဲ့ မတ်ပဲနဲ့ ပဲစင်းငုံနီတို့ကတော့ သုံးရက်အတွင်း ဈေးအတက်အကျ အနည်းငယ်သာ အပြောင်းအလဲ ရှိနေပါတယ်။ ပဲအသစ်တွေ စထွက်ချိန်က ပဲဟောင်းတွေ ဈေးကျနေပမယ့် လက်ရှိမှာ ပဲလက်ကျန် အဟောင်းတွေက ဈေးကောင်း ရရှိနေတာကိုလည်း တွေ့ရပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013