DVB Logo
Home
မြန်မာသတင်း
သမ္မတဦးထင်ကျော်နုတ်ထွက်သွားသည့်အပေါ် သဘောထားအမြင်များ
DVB
·
March 21, 2018
သမ္မတဦးထင်ကျော်နုတ်ထွက်သွားသည့်အပေါ် သဘောထားအမြင်များ
Donate to DVB

ဦးသုဝေ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ

“ပိုပြီးကောင်းလာလိမ့်မှာပေါ့။ ဦးထင်ကျော်ကတော့ တကယ့် လူကောင်းလေ။ ကျနော်တို့နဲ့ ရင်းနှီးတဲ့ ပုဂ္ဂိုလ်ပဲလေ။ ဒါပေမယ့် သူတို့ရဲ့ အခြေအနေပေါ်မူတည်ပြီးတော့ ကောင်းတာကို ပြုပြင်တာ ဖြစ်မှာပေါ့။”  

နိုင်ဟံသာ- ဥက္ကဋ္ဌ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ


“ အန်ကယ်ကတော့ စိတ်မကောင်းဘူး။ ဒီလိုကြားကာလမှာ နုတ်ထွက်သွားတယ်ဆိုတော့ သူ့အနေနဲ့  မကျေနပ်တဲ့ ကိစ္စတခုခုတော့ ရှိကောင်းရှိလိမ့်မယ်လို့ ထင်တယ်လေ။ ဒါပေမယ့် သူ့ကျန်းမာရေးကလည်း သိပ်မကောင်းဘူး။ ဘာကြောင့် နုတ်ထွက်လဲတော့ အန်ကယ်လည်း မသိဘူး။ ကြားကာလမှာ ဒီလိုနုတ်ထွက်တာမျိုးကတော့ မဖြစ်သင့်ဘူးလို့ မြင်တယ်။”

ဒေါ်တင်တင်ညို- အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ၊ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်

“ဒီလိုမျိုးအပြောင်းအလဲကြီးက ဒီလောက်မြန်မြန်ဆန်ဆန် ဖြစ်သွားမယ်လို့ မထင်ထားဘူး။ ကျန်းမာရေးမကောင်းဘူးလို့ အကြောင်းပြတာပေါ့လေ။ ဒါပေမယ့် ကျန်းမာရေး တကယ်ပဲမကောင်းလို့ နုတ်ထွက်တာလား၊ ဒါမှမဟုတ် နိုင်ငံရေးကစားကွက်တခုအနေနဲ့ လုပ်တာလားဆိုတာ တပ်အပ်ပြောလို့ မရနိုင်တဲ့ အနေအထားတော့ဖြစ်တယ်။”

“နောက်တခု ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဒီသမ္မတအပြောင်းအလဲ ဘာကြောင့်ဖြစ်ရလဲဆိုတာကို သူ့ရဲ့ အန်အယ်လ်ဒီက တာဝန်ရှိတဲ့သူကို ခေါ်ပြီးတော့မှ ရှင်းပြမယ်ပြောတော့ ဒီအပြောင်းအလဲကို ရည်ရွယ်ချက်ရှိရှိနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က စီစဉ်ပြီးတော့မှ ပြုလုပ်တာမျိုးလည်း ဖြစ်နိုင်တယ်လေ။ အဲလိုမျိုးဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဆီမှာ သမ္မတ လျာထားတဲ့သူက ရှိနေနိုင်တယ်လို့ ထင်တယ်။ ဒါပေမယ့် ကျမအနေနဲ့ မြင်တာကတော့ အခုလို သမ္မတဦးထင်ကျော်လိုမျိုး နောက်ထပ်တယောက် ပြန်ရွေးချယ်လိုက်ပြီးတော့မှ ဘာမှ လုပ်ပိုင်ခွင့်မရှိဘဲနဲ့ အခမ်းအနားတွေ တက်ရုံ ဒီလောက်ပဲဆိုလို့ရှိရင်တော့ ဘယ်သမ္မတပဲ တက်လာတက်လာ လူထုတွေအတွက် ဘာမှအကျိုးရှိမယ်လို့ မထင်ဘူးပေါ့နော်။ အခုနောက်ပိုင်းတက်လာတဲ့ သမ္မတဟာ စစ်တပ်ကိုရော၊ ကာကွယ်ရေးနဲ့ ပတ်သက်တဲ့နေရာတွေရော ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာကိစ္စတွေကိုပါ ကိုင်တွယ်နိုင်တဲ့ သမ္မတ ဖြစ်ရမယ်လေ။ အဲလိုဖြစ်မှပဲ ပြည်သူတွေအတွက် အကျိုးရှိရှိ ဦးဆောင်နိုင်တဲ့ သမ္မတမျိုးဖြစ်လာမှာပေါ့။”

“တခုပြောချင်တာ ကျမအနေနဲ့ ဒုသမ္မတက စစ်တပ်ဘက်နေပြီးတော့ ပါနေတာရှိတာပေါ့နော်။ ဗိုလ်ချုပ်ကြီးဟောင်းမြင့်ဆွေ၊ သူပါနေတာရှိတယ်။ သူ့ကိုတော့ သမ္မတအနေနဲ့ ဖြစ်သွားမှာ ကျမစိတ်ပူတယ်။ သူသာ သမ္မတဖြစ်သွားပြီဆိုရင် စစ်တပ်ရဲ့ အသိုင်းအ၀ိုင်းက အမြင့်ဆုံးအာဏာတွေ ရသွားလို့ရှိရင် ကျမတို့နိုင်ငံက ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အဟန့်အတားတွေ အများကြီးဖြစ်သွားမယ်။ နောက်ပြီး စစ်တပ်နဲ့ သူ့အသိုင်းအဝိုင်းကိုလည်း တရားဝင်မှု (legitimacy) ပေးလိုက်တဲ့ အနေအထားမျိုး ဖြစ်သွားမှာပေါ့နော်။ အဲလိုဖြစ်လာမှာကိုလည်း ကျမအရမ်းစိတ်ပူတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013