DVB Logo
Home
မြန်မာသတင်း
မုံရွာအကျဉ်းထောင်တွင်း အဘိဓမ္မာသင်တန်းပို့ချ
DVB
·
March 21, 2018
မုံရွာအကျဉ်းထောင်တွင်း အဘိဓမ္မာသင်တန်းပို့ချ
1 / 5
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး အကျဉ်းဦးစီးဌာနက မုံရွာမြို့ အကျဉ်းထောင်အတွင်းမှာ မတ်လ ၁၉ ရက်ကနေ ၂၀ ရက်အထိ လူသားနှင့် အဘိဓမ္မာသင်တန်းကို ၂ ရက်တာ ပို့ချပေးခဲ့ပါတယ်။

ဒီသင်တန်းကို အကျဉ်းကျခံနေရသူ ၉၀၀ ကျော်ရှိတဲ့အထဲက အမျိုးသမီးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား ၁၀၀ ကျော်ကို အချိုးကျ ရွေးချယ်ကာ သင်ကြားဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။

အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေ တိုးလာတာက ဘာသာတရားတွေရဲ့ အဆုံးအမတွေ လိုက်နာမှု အားနည်းလာတာကြောင့်လို့ မုံရွာထောင်ပိုင်ကြီးက ပြောပါတယ်။

“ကျနော် ဒီကိုရောက်စက အကျဉ်းသား ၆၀၀ လောက်ရှိတယ်။ အခု ၉၀၀ ကျော် ရှိသွားတယ်။ ဒါက ဘာကိုပြနေလဲဆိုတော့ လူတွေက ဘာသာတရားတွေရဲ့ အဆုံးအမတွေကို လိုက်နာကျင့်ကြံမှု အားနည်းတဲ့အတွက် အခုလိုဖြစ်လာတာ။ သူများနိုင်ငံတွေမှာ အကျဉ်းသားတွေ နည်းလို့ အကျဉ်းထောင်တွေ ပိတ်ပစ်ရတယ်။ ကျနော်တို့နိုင်ငံလည်း အဲဒီလို ဖြစ်ချင်တယ်။ ဒါပေမယ့် ပိတ်ရမယ့်အစား ထောင်တွေတိုးလာတာပဲ ရှိတယ်။ ဘာသာရေး အဆုံးအမတွေ တော်တော်ကို လိုအပ်နေတယ်”လို့ မုံရွာအကျဉ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။

မုံရွာအကျဉ်းထောင်က အကျဉ်းသား ၁၀၀၀ ဆံ့တဲ့က အဆင့် အကျဉ်းထောင်တခု ဖြစ်ပါတယ်။ လက်ရှိမှာ အကျဉ်းသား ၉၀၀ ကျော်ရှိတဲ့အထဲက အများစုမှာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပြီး ၅ ရာခိုင်နှုန်းက ခရစ္စယာန်ဘာသာဝင်တွေ ဖြစ်ပါတယ်။ သူတို့အတွက်လည်း သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်တွေကို ဖိတ်ကြားပြီး ဆုတောင်းပွဲတွေ လုပ်ပေးတာ ၅ ကြိမ်ရှိပြီလို့ ဆိုပါတယ်။

အကျဉ်းသားတွေ အားလုံးအတွက်လည်း သူ့နေရာကနေသူ သင်တန်းမှာ ပို့ချတာတွေကို နာယူနိုင်အောင် ဆောင်းဘောက်တွေ တပ်ဆင်ပေးထားတယ်လို့ ဆိုပါတယ်။

အကျဉ်းထောင်အတွင်း အဘိဓမ္မာသင်တန်း ပို့ချပေးခဲ့တဲ့ ပညာပါရမီဆရာတော် ဦးဉာဏဝရက “မသိလို့ မှားတာမျိုးလည်း ရှိမယ်။ သိရက်နဲ့ မှားတာလည်း ရှိမယ်။ ထောင်သားဆိုတာ လုပ်သင့်တာကို မလုပ်ဘဲနဲ့ မလုပ်သင့်တာကို လုပ်လို့ ကျလာတာ။ နောက်ထပ် မမှားအောင် အသိပေးချင်တာ။ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွေမှာဖြစ်ဖြစ်၊ တိုးတက်ရေးမှာပဲဖြစ်ဖြစ် သူတို့ရဲ့ တတပ်တအား ပါဝင်မယ်ဆိုရင် အောင်မြင်မယ်လို့ ယုံကြည်လို့ သူတို့ကိုလာပြီး အသိပေးတာပါ။”လို့မိန့်ကြားပါတယ်။

သင်တန်းအပြီးမှာ အကျဉ်းသားတွေအတွက်ကိုလည်း အာဟာရဒါနအလှူတွေ ပြုလုပ်ခဲ့ပါသေးတယ်။ မုံရွာအကျဉ်းထောင်မှာ ထမင်းတနပ်အတွက် အနည်းဆုံး ကျပ် ၆ သိန်းကနေ ၁၀ သိန်းဝန်းကျင်ထိ ကုန်ကျမှုရှိပြီး စေတနာရှင် မည်သူမဆို ထောင်ပိုင်ကြီးနဲ့ ဆက်သွယ်ပြီး လာရောက်လှူဒါန်း ကျွေးမွေးနိုင်တယ်လို့လည်းဆိုပါတယ်။

အကျဉ်းဦးစီးဌာနရဲ့ ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေအတိုင်း ပန်းအလှပြင်သင်တန်း၊ ဆံသ၊ အ သုံးလုံး၊ ဆံပင်မိတ်ကပ်အလှပြင်၊ စက်ချုပ်နဲ့  အခြားလက်မှုပညာတွေကိုလည်း သင်ကြားပေးနေပါတယ်။

စစ်ကိုင်းတိုင်းအတွင်း အကျဉ်းသား ၁၀၀၀ ဆံ့တဲ့ (က) အဆင့် အကျဉ်းထောင် ၄ ထောင်၊ (ခ) အဆင့် အကျဉ်းထောင် ၁ ထောင်နဲ့ အခြားအကျဉ်းစခန်းတွေလည်း ရှိပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013